နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် ကြီးကျယ်ခမ်းနားသည့် မြွေလှေပြိုင်ပွဲကျင်းပ

  နယူးဒေလီ၊ သြဂုတ် ၁၅

ပရိသတ် သောင်းချီကာ လာရောက် အားပေးလေ့ရှိသည့် အိန္ဒိယ၏နာမည် ကျော် မြွေလှေပြိုင်ပွဲကို နိုင်ငံ တောင်ပိုင်း ကီရီလာပြည်နယ်တွင် သြဂုတ် ၁၄ ရက်က ကျင်းပသည်။

အဆိုပါ  မြွေလှေလှော်ပြိုင်ပွဲကို ၆၉ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး မြွေလှေ ၁၉ စင်းအပါအဝင် ပြိုင်ပွဲဝင် လှေပေါင်း ၇၂ စင်း ပါဝင်ယှဉ်ပြိုင်ကြကာ ယခုနှစ်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ကိုးမျိုးအထိ ခွဲခြားပြီး ယှဉ်ပြိုင်ကြောင်း သိရသည်။

 မြွေလှေဆိုသည်မှာ အဆိုပါဒေသ၏ ရိုးရာအခေါ်အဝေါ်ဖြစ်ပြီး ကနူးလှေကို ရှည်လျားသည့်ပုံစံနှင့် တည်ဆောက် ထားခြင်းဖြစ်ကာ ပြိုင်ပွဲအမည်ကို အိန္ဒိယနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် နေရူးကို ဂုဏ်ပြုသည့်အနေဖြင့်နေရူးဖလားပြိုင်ပွဲဟု အမည်ပေးထားသည်။

ပြိုင်ပွဲကို နှစ်စဉ် ဩဂုတ်လတွင် ကျင်းပလေ့ရှိပြီး  အိန္ဒိယ၏အကြီး ကျယ်ဆုံး လှေပြိုင်ပွဲအဖြစ် သတ်မှတ် ခြင်းခံထားရကာ ယခုနှစ်ပြိုင်ပွဲတွင် ပယ်လာထရူသီ လှေစီးကလပ်၏ ပြိုင်ပွဲဝင်လှေက  ချန်ပီယံဆု  ရရှိသွား သည်။               

(ref: CNA)






အခြားဆက်စပ်သတင်းများ