နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုံးကျည်ဖျက်လက်နက်များကိုအမေရိကန် နှင့် ဂျပန် ပူးပေါင်းထုတ်လုပ်မည်

တိုကျို၊ သြဂုတ် ၁၅

တရုတ်၊ ရုရှားနှင့်မြောက်ကိုရီး ယာတို့ တီထွင်ထုတ်လုပ်ထားသည့် အသံထက်မြန်သော ဒုံးကျည်ထိပ်ဖူး များကို တန်ပြန်နိုင်မည့် ဒုံးကျည် ဖျက် လက်နက်များကို ဂျပန်နှင့် အမေရိကန် ပူးပေါင်းထုတ် လုပ်မည်ဖြစ်ကြောင်း သြဂုတ် ၁၄ ရက် ဂျပန်သတင်းမီဒီယာ များတွင် ဖော်ပြသည်။

လက်ရှိတွင် အဆိုပါ ဖျက်ဒုံးကျည် များ ထုတ်လုပ်မည့်ကိစ္စကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါတို့က သြဂုတ် ၁၈ရက် တွင် သဘောတူညီမှုတစ်ရပ် ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။ 

သာမန်ပဲ့ထိန်းဒုံးကျည်များသည် ဝေဟင်မှ မြေပြင်သို့ ကြိုတင်ခန့်မှန်း ထားသည့်အတိုင်း ကျရောက်သော် လည်း အသံထက်မြန်သော ဒုံးကျည်များ သည် လမ်းကြောင်းပြောင်းလဲနိုင်သည့်အတွက် ယင်းတို့ကို ပစ်မှတ်ထားရန် ပိုမိုခဲယဉ်းကြောင်း သိရသည်။ 

ယခုသဘောတူညီမှုသည် ဒုံးကျည် ကာကွယ်ရေးနည်းပညာပိုင်းတွင် ဒုတိယမြောက် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပြီး အာကာသမှ ဒုံးကျည်ထိပ်ဖူး များကို ပစ်ချရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အမေရိကန်နှင့် ဂျပန်တို့ပူးပေါင်း ထုတ်လုပ်မည့် တာဝေးပစ်ဖျက်ဒုံးကျည် ကို မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ် မှုများကာကွယ်ရန် ဂျပန်နှင့်ကိုရီးယား ကျွန်းဆွယ်ကြား ပင်လယ်ထဲရှိ စစ် သင်္ဘောများတွင် နေရာချတပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။   

(ref: Reuters)






အခြားဆက်စပ်သတင်းများ