နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူကရိန်းသို့ မျိုးဆက်သစ်ဒရုန်းစနစ် ဂျာမနီ ပို့မည်

ဘာလင်  သြဂုတ် ၁၄

ဂျာမနီနိုင်ငံ၏ မော်တော်ယာဉ်နှင့် လက်နက်ထုတ်လုပ်သည့် Rheinmetall ကုမ္ပဏီသည် Luna New Generation မျိုးဆက်သစ်ဒရုန်းစနစ်ကို ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ယူကရိန်းသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကုမ္ပဏီက သြဂုတ် ၁၃ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါစနစ်တွင် မောင်းသူမဲ့လေယာဉ်များနှင့်အတူ  ပစ်လွှတ်သည့် စင်များ၊  စစ်ထရပ်ကားများအတွင်း တည်ဆောက်ထားသော မြေပြင်ထိန်းချုပ်ရေးစခန်း တစ်ခုပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

ယင်း ဒရုန်းစနစ်ကို ကင်းထောက်စနစ်အဖြစ် အသုံးပြုနိုင်ပြီး အင်တာနက် LTE ကွန်ရက်အတွက် ဆက်သွယ်ရေးစနစ်အဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။

ဗြိတိန်အခြေစိုက် ပဋိပက္ခဆိုင်ရာ လက်နက် သုတေသနအဖွဲ့က ဩဂုတ်လ အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်မူ ရုရှားသည် အီရန်ထံမှရရှိသော တိုက်ခိုက်ရေးဒရုန်းများကို ပုံတူကူးယူကာ ယူကရိန်းကို တိုက်ခိုက်ရန် အသုံးပြု နေပြီဖြစ်ကြောင်း ဖော်ပြသည်။                                                      (ref:Reuters)






အခြားဆက်စပ်သတင်းများ