နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘောဒီးယား အထက်တန်းကျောင်းတွင် ဗုံးအလုံးပေါင်း ရာချီတွေ့

ဖနွမ်းပင်  သြဂုတ် ၁၄

ကမ္ဘောဒီးယားနိုင်ငံ ကရက်တိုင်း ပြည်နယ်ရှိ ကျောင်းတစ်ခုတွင်မြေကြီး ထဲမြှုပ်ထားသည့် မပေါက်ကွဲသေးသော ဗုံးများကို ရာနှင့်ချီကာ တွေ့ရှိသဖြင့် အဆိုပါကျောင်းကို ပိတ်ထားကြောင်း သြဂုတ် ၁၃ ရက်တွင် အာဏာပိုင်များက ပြောသည်။

ကွင်းကို ဆိုမက်အထက်တန်းကျောင်း ဝင်းထဲတွင် ယခု တနင်္ဂနွေကျောင်း ပိတ်ရက်က ကျောင်းပြုပြင်မှုများပြုလုပ် နေစဉ် မြေကြီးထဲမြှုပ်ထားသည့် မပေါက်ကွဲသေးသောဗုံးများကို ရာနှင့်ချီ တွေ့ရှိခြင်းဖြစ်ကြောင်း ကျောင်းအုပ်ကြီး မစ္စတာ ဘန်းချီက ပြောသည်။

ဗုံးများကိုဖယ်ထုတ်ရန် အချိန် နှစ်ရက်ကြာမည်ဖြစ်ပြီး ယင်းတို့သည် အချိန်မရွေးပေါက်ကွဲကာ အန္တရာယ် ဖြစ်နိုင်သည့်အတွက် အားလုံးရှင်းလင်း ပြီးသည်အထိ ကျောင်းပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

တွေ့ရှိသည့် ဗုံးများတွင် အမျိုး အစားလေးမျိုးပါဝင်ပြီး M79s  ၂၅၀ ခု၊ DK75s  ၁၆ခု၊ M48 warheads  ၁၇ခု၊ B40s  ၁၇ခု စုစုပေါင်း ၂၈၄ ခုဖြစ်ကာ ထပ်မံရှာဖွေမှုများပြုလုပ်နေကြောင်း ပညာရေးဌာန၊ လူငယ်နှင့်အားကစား ညွှန်ကြားရေးမှူး မစ္စတာ လေဘိုရာက ဆိုသည်။                                 

(ref:CNA)






အခြားဆက်စပ်သတင်းများ