နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူလက်နက် မပြန့်ပွားရေး စာချုပ်ကော်မတီ အနှစ်ချုပ်စာတမ်း ရုရှား၊ တရုတ်၊ အီရန်တို့ ကန့်ကွက်

ဗီယင်နာ  သြဂုတ် ၁၄

ရုရှား၊ တရုတ်နှင့် အီရန်တို့၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် ၂၀၂၆ နျူကလီယားလက်နက်မပြန့်ပွားရေး စာချုပ် (NPT) ပြန်လည်သုံးသပ်ရေး ညီလာခံဆိုင်ရာ ကြိုတင်ပြင်ဆင်ရေး ကော်မတီအစည်းအဝေးတွင် အနှစ်ချုပ် စာရွက်စာတမ်းကို အတည်ပြုနိုင်ခြင်း မရှိကြောင်း သိရသည်။

ဩစတြီးယားနိုင်ငံ မြို့တော်ဗီယင်နာ တွင် ဇူလိုင် ၃၁ ရက်ကတည်းက စတင်ပြုလုပ်နေသည့် အဆိုပါကော်မတီ အစည်းအဝေး၏ရလဒ်များကို သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။

NPT ကော်မတီ ဥက္ကဋ္ဌ Jarmo Viinanen က အစည်းအဝေးအနှစ်ချုပ် မူကြမ်းကိုတင်ပြရာတွင် နျူကလီယား လက်နက်ဖျက်သိမ်း ရေးနှင့် မပြန့်ပွား ရေးကို ဆက်လက်တွန်းအားပေးရမည် ဟု ဆိုသည်။

အဆိုပါ စာရွက်စာတမ်းတွင် ဂျပန် ဖူကူရှီမား အမှတ် ၁ နျူကလီယား စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံကိုပြုပြင်ပြီး ရေထပ်ရောထား သည့်ရေများကို သမုဒ္ဒရာထဲစွန့်ထုတ် မည့်အစီအစဉ်ကိုအကဲဖြတ်ရန် နိုင်ငံ တကာ အဏုမြူစွမ်းအင်အေဂျင်စီ၏ ကြိုးပမ်းမှုများကို အဖွဲ့ဝင်နိုင်ငံများက ခိုင်မာစွာထောက်ခံကြောင်း ဖော်ပြ ထားသည်။

သို့ရာတွင် ယင်းကို တရားဝင်မှတ်တမ်း တစ်ခုအဖြစ် သတ်မှတ်ရေးအတွက် ရုရှား၊ တရုတ်နှင့် အီရန်တို့က ပြင်းထန် စွာကန့်ကွက်ခြင်းကြောင့် ယခုစာရွက် စာတမ်းကိုအတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။

(ref:NHK)






အခြားဆက်စပ်သတင်းများ