နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြက်ငှက်တုပ်ကွေးကြောင့် ဒိန်းမတ်နှင့် နယ်သာလန်မှ ကြက်သား၊ ဘဲသားတင်သွင်းမှုများ ပိတ်ပင်

အမ်စတာဒမ် ဩဂုတ် ၁၃

ဥရောပနိုင်ငံနှစ်ခုဖြစ်သည့် ဒိန်း မတ်နှင့်နယ်သာလန်နိုင်ငံများတွင် ကြက်၊ငှက်တုပ်ကွေးရောဂါ လျင်မြန် စွာပျံ့နှံ့နေပြီး ကူးစက်မှု များရှိနေ သဖြင့် ယင်းနှစ်နိုင်ငံမှ ကြက်၊ ဘဲတင်သွင်း လာမှုများကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ဥရောပနိုင်ငံများသည် မကြာသေး မီနှစ်များအတွင်း ကြက်ငှက် တုပ်ကွေး ရောဂါဒဏ်ကို ခံခဲ့ရပြီး ပြီးခဲ့သည့် နှစ်ကလည်း ငှက်ကောင် ရေသန်း ပေါင်းများစွာကို သုတ်သင်ခဲ့ရသဖြင့် ကြက်သားနှင့်ဥများ ထောက်ပံ့မှုထိခိုက် ခဲ့သည်။

လက်ရှိတွင်လည်း တင်ပို့မှုများကို ဆိုင်းငံ့ခံထားရခြင်းကြောင့် ဇွန် ၂၈ ရက်နောက်ပိုင်း ဒိန်းမတ်တွင် ထုပ်ပိုးထားသည့် ကြက်သား၊ ဘဲသား နှင့် ဇူလိုင် ၁၁ ရက်  နောက်ပိုင်း နယ်သာလန်တွင် ထုပ်ပိုးထားသည့် ကြက်သား၊ ဘဲသားများကို မူရင်း နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်း (သို့) ဖျက်ဆီးခြင်းများ ပြုလုပ်မည် ဖြစ် ကြောင်း သိရသည်။

အာဖရိကတောင်ပိုင်းနိုင်ငံများသည် ဝယ်လိုအားပြည့်မီရန် အိမ်နီးချင်းနိုင်ငံ များမှ တင်သွင်းမှုအပေါ် အဓိကအား ကိုးကာ လစဉ် ကြက်သားတန်ချိန် ၂,၅၀၀ ခန့် စားသုံးလျက်ရှိသည်။

(ref : Reuters)







အခြားဆက်စပ်သတင်းများ