နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အကျော်ကြားဆုံး တည်နေရာအဖြစ် ဒူဘိုင်း မိုးမျှော်တိုက် သတ်မှတ်ခံရ

ဒူဘိုင်း  ဩဂုတ် ၁၃

ဒူဘိုင်းမြို့၏ အထင်ကရ Burj Khalifa မိုးမျှော်တိုက်သို့ နှစ်စဉ် လာရောက်လည်ပတ်သူ ၁၇ သန်းအထိ ရှိနေပြီး ယင်းကို ကမ္ဘာ့ အကျော်ကြား ဆုံး တည်နေရာအဖြစ် သတ်မှတ်လိုက် ကြောင်း သိရသည်။

သုတေသနဝက်ဘ်ဆိုက် Switch On Business က ကမ္ဘာတစ်ဝန်းရှိ အကျော်ကြားဆုံး  တည်နေရာ ၁၅၀ ကျော်၏ ပျမ်းမျှ ဧည့်သည် အရေ အတွက်နှင့် အင်တာနက်ပေါ်ရှိ ရှာဖွေမှု များ ကို စစ်တမ်းကောက်ယူပြီး ယခု ကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Burj Khalifa မိုးမျှော်တာဝါသည် အမြင့် ၈၂၈ မီတာရှိပြီး ပဲရစ်မြို့ရှိ အီဖယ်မျှော်စင်ထက် သုံးဆပိုမြင့်ကာ နှစ်စဉ်နှစ်တိုင်း ဂူဂဲလ်တွင်  ရှာဖွေမှု အကြိမ်ရေ ၂၂ သန်းရှိပြီး တစ်နှစ်ပျမ်းမျှ လက်မှတ်ရောင်းရငွေ အမေရိကန် ဒေါ်လာ ၆၂၁ သန်းဝန်းကျင် ရရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၏ တာ့ဂျ်မဟာ သင်္ချိုင်းဂူ သည် နှစ်စဉ် ဂူဂဲလ်တွင် ရှာဖွေမှု ၂၁ သန်းရှိပြီး လာရောက်လည်ပတ်သူ ၇ ဒသမ ၅ သန်း  ဝန်းကျင်ရှိကာ ကမ္ဘာ့အကျော်ကြားဆုံး တည်နေရာ စာရင်းတွင် ဒုတိယနေရာဖြစ်ပြီး နိုင်ရာ ဂရာရေတံခွန်သည် နှစ်စဉ် လာရောက်သူ ၁၃ သန်း၊ ဂူဂဲလ်ရှာဖွေမှု ၁ ဒသမ ၂ သန်း ကျော်ဖြင့် တတိယနေရာတွင် ရပ်တည် လျက် ရှိသည်။

Burj Khalifa မိုးမျှော်တာဝါ၏ ကောင်းကင်ရှုခင်း ကြည့်ရှုခွင့် လက်မှတ် တစ်စောင်သည် ဒါဟမ်ငွေ ၈၀ မှ ၇၅၀ (အမေရိကန်ဒေါ်လာ ၂၁ ဒေါ်လာမှ ဒေါ်လာ ၂၀၀) ကြား ပေးရကြောင်း သိရသည်။

(ref: Daily Mail)






အခြားဆက်စပ်သတင်းများ