နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီလွန်မတ်စ်နှင့် ဇူကာဘတ်၏ ထိုးသတ်ပွဲ အီတလီတွင် ကျင်းပမည်

ရောမ ဩဂုတ် ၁၃

လှောင်အိမ်တစ်ခုအတွင်း Meta ၏ စီအီးအို ဇူကာဘတ်နှင့် ထိုးသတ် မည့်ပွဲကို  အီတလီတွင် ပြုလုပ်မည် ဖြစ်ကြောင်း ဘီလျံနာ အီလွန်မတ်ခ် က သြဂုတ် ၁၂ ရက်တွင် ကြေညာလိုက် သည်။ 

ယင်းပွဲစဉ်ကို အီတလီဝန်ကြီးချုပ် ယဉ်ကျေးမှုဝန်ကြီးများ၏ ခွင့်ပြုချက် ရယူပြီး ယင်း၏ လူမှုကွန်ရက် X နှင့် ဇူကာဘတ်၏ Meta ပလက်ဖောင်းများ ကတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ကြောင်း အီလွန်မက်ခ်က ပြော သည်။

အီတလီယဉ်ကျေးမှု ဝန်ကြီးဌာန ကမူ အီလွန်မက်ခ်နှင့် စကားပြော ဆိုထားသည်ကို အတည်ပြုသော်လည်း ရောမမြို့ဟောင်း အခင်းအကျင်းပါဝင် မည့် ထိုးသတ်ပွဲကို ရောမတွင် ပြုလုပ် မည်မဟုတ်ကြောင်း ပြောကြားထား သည်။

ယခုပွဲသည် ပရဟိတနှင့် သမိုင်း ကြောင်းကို လှုံ့ဆော်ပေးမည့် ပြိုင်ပွဲ ဖြစ်ပြီး ရရှိသည့်ငွေများကိုအီတလီ ကလေးအထူးကုဆေးရုံ  နှစ်ရုံသို့ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ 

(ref: BBC)







အခြားဆက်စပ်သတင်းများ