နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နော်ဝေတွင် ဆည်ကျိုးပေါက်မှုဖြစ်ပွား

အော့စလို ဩဂုတ် ၁၁

နော်ဝေနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဂလိုမာမြစ်ပေါ်ရှိ ဆည်သည် တစ်စိတ်တစ်ပိုင်း ကျိုး ပေါက်သွားကြောင်း အာဏာပိုင် များက သြဂုတ် ၁၀ ရက်တွင် ပြော သည်။

အဆိုပါဆည်သည် လျှပ်စစ်ဓာတ် အား ထုတ်လုပ်ပေးသည့်ဆည်ဖြစ်ပြီး ကျိုးပေါက်သွားသည့် နေရာမှ ရေများ ဒလဟော လျှံထွက်နေခြင်းကြောင့် ဆည်ထိန်းချုပ်ရေးစခန်းတွင် ရေလျှံ သွားပြီးနောက် ဆည်၏ ရေထိန်း တံခါးကို ဖွင့်မရသည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့ကြောင့် အစောပိုင်းတွင် ရဲတပ်ဖွဲ့သည် ဆည်၏ ၄၅ နှစ် သက်တမ်းရှိ ရေထိန်းတံခါးကိုဖောက် ခွဲပစ်ပြီး ရေဖောက်ချရန် စဉ်းစား ထားသော်လည်း ပေါက်ကွဲမှု အတိုင်း အဆကို ထိန်းချုပ်ရန် ခက်ခဲခြင်း ကြောင့် ဖောက်ခွဲမှု မပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆို သည်။

နော်ဝေနိုင်ငံတွင် နှစ်ပေါင်း ၅၀ အတွင်း မြစ်ရေအမှတ်သည် အမြင့်ဆုံးအမှတ်ထိ ရောက်ရှိနေပြီး မြစ်ရေလျှံကျလာခြင်းကြောင့် ပြည်သူ ထောင်ပေါင်းများစွာကိုလည်း နေရပ် ရွှေ့ပြောင်းပေးထားရကြောင်း သိရ သည်။

လက်ရှိတွင် မြစ်ရေလျှံပြီး ရေကြီး မှုများ ဖြစ်နေခြင်းကြောင့် နေအိမ်များ နှင့် စီးပွားရေးလုပ်ငန်းများ ရေမြုပ်ခြင်း၊ မြေပြိုမှုနှင့် ပျက်စီးခြင်းများ ဖြစ်ပေါ် လျက်ရှိသည်။                     

(ref: CNA)






အခြားဆက်စပ်သတင်းများ