နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှားမြို့တော်အား ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့အဖြစ် သတ်မှတ်

ဂျာကာတာ ဩဂုတ် ၁၁

ဆွစ်ဇာလန် လေထုအရည်အသွေး နည်းပညာကုမ္ပဏီ IQAir ၏ တိုင်းတာ မှု အချက်အလက်များအရ အင်ဒိုနီးရှား နိုင်ငံ၏ မြို့တော် ဂျာကာတာသည် ကမ္ဘာတစ်ဝှမ်း လေထုညစ်ညမ်းမှုအရှိ ဆုံးမြို့ ၁၀ မြို့စာရင်းတွင် ငါးလ ဆက် တိုက်ပါဝင်နေကြောင်း သိရသည်။

လူဦးရေ ၁၀ သန်းကျော်ရှိသော ဂျာကာတာသည် ကျန်းမာရေးနှင့်မညီ ညွတ်သော လေထုညစ်ညမ်းမှုအဆင့် ရှိသည့်မြို့အဖြစ် နေ့စဉ်နီးပါး စာရင်း သွင်းခံနေရကြောင်း IQAir ၏ အချက် အလက်များအရ သိရသည်။

ဂျာကာတာမြို့လယ်၌ နေထိုင်သူ များကမူ ယခုအခြေ‌အနေသည် ကလေးများ၏ ကျန်းမာရေးအတွက် အလွန်စိုးရိမ်ရပြီး ကလေးအများစုသည် ရောဂါလက္ခဏာတူသည့် ချောင်းဆိုး၊ ဖျားနာများ ဖြစ်ပွားလျက်ရှိကြောင်း ဆိုသည်။

ဂျာကာတာမြို့ခံများသည် ယာဉ် ကြောပိတ်ဆို့မှုများ၊ စက်မှုလုပ်ငန်း များမှ ထွက်သော မီးခိုးများနှင့်ကျောက် မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ မှ အဆိပ်အတောက် ဖြစ်စေသည့် လေများ‌ထွက်‌ပေါ်မှုကို ဖြေရှင်းပေးရန် အစိုးရထံ ကာလအတော်ကြာတောင်း ဆိုခဲ့ ကာ ၂၀၂၁ ခုနှစ်တွင် အရပ်ဘက် တရားစွဲဆိုမှုတစ်ခုကို လုပ်ဆောင်ထား ကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိအစိုးရသည် လူ အများ၏ ကျန်းမာရေးကိုကာကွယ်ရန် အမျိုးသားလေထု အရည်အသွေးစံနှုန်း များကို ချမှတ်ရမည်ဖြစ်ပြီး ကျန်းမာ ရေး ဝန်ကြီးနှင့် ဂျာကာတာ အုပ်ချုပ် ရေးမှူးတို့သည် လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရန် ဗျူဟာများ ရေးဆွဲရမည် ဖြစ်ကြောင်းသိရသည်။  

(ref:Reuters)






အခြားဆက်စပ်သတင်းများ