နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI အတွက် မှာယူထားသော လေယာဉ်တစ်စီးထပ်မံရောက်ရှိ

ရန်ကုန်   ဇွန်   ၂၂


အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)မှ  Fleet  Extension အစီအစဉ်အရမှာယူထားသော Airbus A319 - 112.MSN2446.XY - ALN လေယာဉ်အသစ်သည် ဇွန် ၂၁ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိလာကြောင်း သိရသည်။ အဆိုပါလေယာဉ်သစ်သည် ၂၀၂၀ ပြည့်နှစ် ဧပြီလဆန်းက တည်းကရောက်ရှိရန်စီစဉ်သော်လည်း ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့်          နိုင်ငံတကာရှိအချိူ့သောလေယာဉ်ကွင်းများပိတ်နားခဲ့ရသဖြင့်ရောက်ရှိရန် ကြန့်ကြာခဲ့ရပြီး ယခုအခါ ကမ္ဘာ့နိုင်ငံ များ၏ဖြေလျှော့မှုများကြောင့် နိုင်ငံတကာမှလေယာဉ်ကွင်းများပြန်လည်ဖွင့်လှစ်ခဲ့ရာ အပြည်ပြည် ဆိုင်ရာ မြန်မာလေကြောင်း (MAI)ကမှာယူထားသော Airbus A319-112.MSN2446.XY - ALN လေယာဉ်သစ်သည်ယခုမှသာမြန်မာနိုင်ငံသို့ရောက်ရှိလာခြင်းဖြစ်သည်။


MAI လေကြောင်းလိုင်းသည် အကြီးဆုံးလေကြောင်းလိုင်းအဖြစ်ရပ်တည်လျက်ရှိပြီး ဒေသအတွင်းရှိနိုင်ငံ များ၏လေကြောင်းလိုင်းများနှင့်ယှဉ်ပြိုင်ကာ ပျံသန်းပြေးဆွဲနိုင်ရန်အတွက် လေယာဉ်အသစ်များကို ထပ်မံ မှာယူထားရာ Embraer -E190 လေယာဉ်လေးစီးသည် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာတွင် တစ်လလျှင်တစ်စီးနှုန်းဖြင့်ရောက်ရှိလာမည်ဖြစ်ပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီနှင့် ယူအေအီးနိုင်ငံ၊ ဒူဘိုင်း လေဆိပ်များအထိ တိုက်ရိုက်ပျံသန်းပြေးဆွဲနိုင်မည့် Airbus A320 လေယာဉ်အသစ်သုံးစီးထပ်မံရောက်ရှိ လာမည်ဖြစ်သည်။


ထိုအပြင် ၂၀၂၁ ခုနှစ်တွင် ဘရာဇီးနိုင်ငံထုတ် Embraer လေယာဉ်အသစ်လေးစီး ထပ်မံမှာယူထားကြောင်း သိရသည်။ အဆိုပါ လေယာဉ်များထပ်မံရောက်ရှိလာပါက အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)သည် Airbus ရှစ်စီး Embraer ရှစ်စီးနှင့်အတူ MAI နှင့် အကျိူးတူပူးပေါင်းပျံသန်းပြေးဆွဲနေသော AirKBZ မှ ART 72-600 ရှစ်စီးအပါအဝင် စုစုပေါင်း ၂၄ စီးဖြင့် မြန်မာနိုင်ငံ၏လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် မြန်မာနိုင်ငံ သားများအားထားရမည့်အဓိကလေကြောင်းလိုင်းအဖြစ် ဒေသတွင်းရှိ အခြားနိုင်ငံတကာလေကြောင်းလိုင်းများနှင့် ယှဉ်ပြိုင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။                               


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ