နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကြောင့် မိုးပျံအမြန်ကားလမ်းစီမံကိန်း တင်ဒါလုပ်ငန်း ရပ်ဆိုင်းထား

ရန်ကုန်   ဇွန်   ၂၂


ရန်ကုန်မိုးပျံအမြန်ကားလမ်းဖောက်လုပ်ရန် COVID-19 ကပ်ရောဂါကာလဖြစ်နေ၍ တင်ဒါရွေးချယ်ပွဲကို ရွှေ့ဆိုင်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက 

ပြောသည်။


တင်ဒါလျှောက်ထားသည့် ကုမ္ပဏီများနှင့်ကြီးကြပ်မည့် IFC မှ ကိုယ်စားလှယ်များ Covid-19 ကြောင့် မြန်မာနိုင်ငံသို့မလာရောက်နိုင်သဖြင့် တင်ဒါရွှေးချယ်ပွဲကိုရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း သိရသည်။


"အင်တာနေရှင်နယ်လေယာဉ်တွေပြန်ဝင်လာရင်တော့ ကျွန်တော်တို့က တင်ဒါဖွင့်ပွဲလုပ်သွားမှာဖြစ်ပါ တယ်"ဟု၄င်းက ပြောသည်။ ရန်ကုန်မိုးပျံအမြန်ကားလမ်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် စတင်ဆောက်လုပ် မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ပြောထား သော်လည်း COVID-19 ကြောင့် စီမံကိန်းရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


ရန်ကုန်မိုးပျံအမြန်ကားလမ်းတွင် အပိုင်းနှစ်ပိုင်းပါဝင်ပြီး အပိုင်း(၁)ကို ကနဦးဆောင်ရွက်မည်ဖြစ်ကာ စီမံကိန်းတစ်ခုလုံးသည် ၄၄ ဒသမ ၁ ကီလိုမီတာ (၂၇ မိုင်ကျော်) ရှိပြီး အရှေ့ဘက်ခြမ်း အပိုင်း(၁) သည် ၂၇ ဒသမ ၆ ကီလိုမီတာ (၁၇ မိုင်ကျော်) နှင့် အနောက်ခြမ်းအပိုင်း (၂) သည် ၁၆ ဒသမ ၅ ကီလိုမီတာ(၁၀ မိုင်ကျော်) ရှိကြောင်း၊ အပိုင်း(၁)သည် အထက်ပုဇွန်တောင်လမ်းမှ ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်း၊ ခရေပင်လမ်းတို့ကို ဖြတ်သန်း၍ အောက်မင်္ဂလာဒုံလမ်းဆုံအထိဖြစ်ကြောင်း သိရသည်။            


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ