နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရောင်းသူ/ဝယ်သူအကျိူးရှိစေမည့် Ecommerce website

ရန်ကုန်  ဇွန် ၂၁

Ecommerce   website  သည်  အွန်လိုင်းပေါ်တွင်  ရောင်းသူနှင့်  ဝယ်သူအဆင်ပြေချောမွေ့စွာ  ရောင်းဝယ်လိုသော ကုန်ပစ္စည်း၊ ဝန်ဆောင်မှု စသည့်တိုကို စျေးဆိုင်ကြီးတစ်ခုသဖွယ် တည်ဆောက်ပေးထား ပြီး အရောင်းအဝယ် ပြုလုပ်နိုင်သည့် နေရာတစ်ခုဖြစ်သည်။
Ecommerce Website ကို Online Shopping Website ဟုလည်း ခေါ်ဆိုနိုင်သည်။

ငွေပေးချေစနစ်ဖြင့် အွန်လိုင်းပေါ် တွင်လုပ်ဆောင်နိုင်ပြီးကုန်သွယ်ရေးစနစ်ပါ ထည့်သွင်းအသုံးပြုနိုင်သကဲ့သို့ ဝယ်သူဘက်မှလည်း အချိန်နေရာမရွေး တစ်နေရာတည်းတွင် အလွယ်တကူဝင်ရောက်ယူဝယ်နိုင်ပြီး အချိန်ကုန်သက်သာစေသော စျေးဝယ်ရောင်း Platform တစ်ခုဖြစ်သည်။ Ecommerce Website ၏ အားသာချက်များအနေဖြင့် ဆိုင်ခန်းခ၊ ဝန်ထမ်းစရိတ်သက်သာစေပြီး ဆိုင် တစ်ဆိုင်၏ အသုံးစရိတ်လျော့ကျခြင်း စသည့်အကျိုးခံစားခွင့်များ ရရှိစေသည့်အပြင် အချိန်ပေးရန်မလိုဘဲ ၂၄နာရီပတ်လုံး Website ပေါ်တွင် စျေးရောင်းနိုင်ခြင်း၊ ကုန်ပစ္စည်းကြော်ငြာစရိတ်သက်သာခြင်း၊ နေရာအခက်ခဲမဖြစ်၍ ကုန်ပစ္စည်းသိုလှောင်ရန်မလိုခြင်းစသည့်အကျိုးတို့ကိုပါ ရရှိစေသည်။

ဝယ်သူဘက်မှလည်း အလွယ်တကူဝင်ရောက်ဝယ်ယူနိုင်ပြီး ငွေပေးချေမှု၊ပို့ဆောင်ရေး ဝန်ဆောင်မှု များ ပါဝင်သောကြောင့် အရောင်းအဝယ်အခက်ခဲပြဿနာများ လျော့နည်းစေနိုင်ခြင်း စသည့် အကျိုးသက်ရောက်မှုများ ရရှိစေသည်။ ရောင်းသူ/ဝယ်သူ အကျိုးရှိစေမည့် Ecommerce Website တစ်ခုလည်း ဖြစ်သည်။ 

(WP)






အခြားဆက်စပ်သတင်းများ