နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယဘက်က ရေဖောက်ချ၍ ပါကစ္စတန်တွင် ရေကြီး

အစ္စလာမ်မာဘတ် ဇူလိုင် ၁၄

အိန္ဒိယနိုင်ငံဘက်က ရေဖောက် ချလိုက်ပြီးနောက် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်အတွင်း ဆွတ်လိတ်ချ် မြစ်အနီးရှိ ဒေသခံ ရွာသားထောင်ကျော် သည် ဇူလိုင် ၁၃ ရက်တွင် နေအိမ်များမှ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

အိန္ဒိယဘက်က ရေထုတ်လွှတ်မှု ကြောင့် ပါကစ္စတန် နယ်စပ်ဒေသတွင် ရေကြီးမှု သတိပေးချက်များ ဆက်တိုက် ထုတ်ပြန်ထားကာ ပန်ဂျပ်ပြည်နယ် သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ကလည်း ပြည်နယ် တွင်းရှိ အနည်းဆုံး မြို့ ကိုးမြို့တွင် အသေးစား ရေလွှမ်းမှုဖြစ် ပေါ်နိုင် ကြောင်း ထုတ်ပြန်ထားသည်။ 

အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုး ထူးကဲ စွာ ရွာသွန်းခြင်းကြောင့် ရေကြီးမှု များ ဖြစ်ပေါ်နေသဖြင့် ယခုကဲ့သို့ ရေဖောက်ချခြင်းဖြစ်ပြီး ရေကြီးမှု ဖြစ်လာခြင်းကြောင့် ဆွတ်လိတ်ချ် မြစ်အနီး ဒေသခံရွာများသည် ကလေး ငယ်များ၊ ပိုင်ဆိုင်မှုများနှင့်အတူ ရေ ကိုကူးဖြတ်ပြီး လွတ်ရာသို့ ရှောင်နေ ကြရကြောင်း သိရသည်။

ထို့ပြင် ဒေသခံ ပြည်သူ ၂၀၀၀ခန့် ကိုလည်း ရေမြုပ်သည့်အိမ်များမှ စွန့်ခွာလာနိုင်ရန် လိုအပ်သည့် သယ်ယူ ပို့ဆောင်ရေးပိုင်းကို  ပံ့ပိုးပေးထား ကြောင်း ပန်ဂျပ်ပြည်နယ် တာဝန်ရှိသူ များက ပြောသည်။ 

အိန္ဒုမြစ်စာချုပ်အရ အိန္ဒိယနိုင်ငံ သည် ရာဗီ ၊ ဆွတ်လိတ်ချ်နဲ့ ဘိယားစ် မြစ်ရေများကို ဖောက်ချပိုင်ခွင့်ရှိပြီး ပါကစ္စတန်ကလည်း အိန္ဒုမြစ် ၊ ချီနက်ဘ် မြစ် နှင့် ဂျဲလူ(မ်)မြစ်များ ၏ မြစ်ရေကို ဖောက်ထုတ် ပိုင်ခွင့်ရရှိထားကာ မြစ် များအားလုံးသည်  အိန္ဒိယနိုင်ငံတွင်း မှ ပါကစ္စတန်နိုင်ငံထဲသို့ စီးဆင်းနေ ကြောင်း သိရသည်။


(ref: AP)






အခြားဆက်စပ်သတင်းများ