နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
X.AI မှတ်ဉာဏ်တု နည်းပညာကုမ္ပဏီသစ်ကို အီလွန်မက်ခ်ထူထောင်

တက္ကဆက် ဇူလိုင် ၁၄

Tesla အမှုဆောင်ချုပ် အီလွန်မက်ခ် သည် X.AI ဟု အမည်ရသည့် မှတ်ဉာဏ် တုနည်းပညာ ကုမ္ပဏီသစ် တစ်ခုကို  ထူထောင်လိုက်ပြီ ဖြစ်သည်။

 X.AI ကုမ္ပဏီသည် OpenAI နှင့် Google ကုမ္ပဏီများတွင် အလုပ် လုပ်ခဲ့သည့်   အင်ဂျင်နီယာများကို ခေါ်ယူထားပြီး စကြဝဠာ၏ ပကတိ အခြေအနေမှန်ကို နားလည်ရန် ရည် ရွယ်ကြောင်း အီလွန်မက်ခ်က ဆိုသည်။ 

အီလွန်မက်ခ်သည်   OpenAI (ChatGPT ကို ဖန်တီးသည့် ကုမ္ပဏီ)ကို ဦးဦးဖျားဖျား ထောက်ခံခဲ့သူဖြစ် သော်လည်း နောက်ပိုင်းတွင် ဆက်ဆံ ရေးဆိုးရွားလာပြီး ChatGPT  က လစ်ဘရယ်ဘက် ဘက်လိုက်သည်ဟု ဝေဖန်ထားပြန်သည်။

ထို့ပြင် မှတ်ဉာဏ်တုနည်းပညာ ဆိုင်ရာ အကြီးစား စမ်းသပ်မှုများကို ရပ်တန့်ရန် ပြီးခဲ့သည့်မတ်လက လက်မှတ်ရေးထိုး တောင်းဆိုထားပြီး လာမည့်ဆယ်စုနှစ်အတွင်း မှတ်ဉာဏ် တုနည်းပညာ၏ လုံခြုံရေးပိုင်းကို စိုးရိမ်ပူပန်မိကြောင်း ပြောသည်။

(ref: Reuters)






အခြားဆက်စပ်သတင်းများ