နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယရေကြီးရေလျှံမှု မလေးရှားနိုင်ငံသား ၁၂ ဦးပျောက်ဆုံးနေ

နယူးဒေလီ  ဇူလိုင် ၁၄

အိန္ဒိယတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ပြည်နယ်အချို့၌ ပိတ်မိ နေသည့် မလေးရှားနိုင်ငံသား ၁၂ ဦး  ပျောက်ဆုံးနေကြောင်း အာဏာပိုင်များ က ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံအတွင်း မကြုံစဖူး မိုးအလွန်များပြီး ရေကြီးရေလျှံမှုများ အကြီးအကျယ်ဖြစ်ပေါ်ကာ ဟီမာချာ ပရာဒက်ရှ်ပြည်နယ်၌ လူ ၃၁ ဦး သေဆုံးသွားသည့်အပြင်  နိုင်ငံခြားသား ရာချီ၍ သောင်တင်နေကြောင်း သိရ သည်။

လက်ရှိတွင် ပျောက်ဆုံးနေသော မလေးရှားနိုင်ငံသား ၁၂ ဦးအတွက် သံတမန်ရေးအရ ကူညီပေးရန် ၎င်းတို့၏ မိသားစုဝင်များက မလေးအစိုးရထံ အကူအညီတောင်းထားပြီး ရေကြီးမှု အတွင်း ပိတ်မိနေသူများအနက် ရုရှား နိုင်ငံသား ၁၅ ဦးလည်း ပါဝင်ကြောင်း သိရသည်။

ယမုံနာမြစ်ရေသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်နေသောကြောင့် နယူးဒေလီ ၌ ရေကြီးမှုသတိပေးချက် ထုတ်ပြန် ထားပြီး အိန္ဒိယ နိုင်ငံမြောက်ပိုင်းတွင် မိုးကြီးရေလျှံဖြစ်ရပ်များကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

(ref: CNA)






အခြားဆက်စပ်သတင်းများ