နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲ ပဏာမအဆင့်အား မစ္စတာပီတာ ရှုံးနိမ့်

ဘန်ကောက်  ဇူလိုင် ၁၄

ရွေးကောက်ပွဲတွင် နာမည်ရနေ သော Move Forward Party ခေါင်းဆောင် မစ္စတာပီတာ လင်ဂျာရန် ရွတ်သည် ဇူလိုင် ၁၃ ရက်က ပြုလုပ် သည့် ဝန်ကြီးချုပ်ရွေးချယ်ပွဲ ပဏာမ အဆင့်အား  ရှုံးနိမ့်သွားကြောင်း သိရ သည်။

ဆက်လက် ပြုလုပ်မည့်ရွေးချယ်ပွဲ အား ဇူလိုင် ၁၉ ရက်တွင် နောက် တစ်ကြိမ်ပြုလုပ်မည်ဖြစ်ပြီး ယခု ပဏာမအဆင့် ဝန်ကြီးချုပ်ရွေးချယ် မှု၏ နောက်ဆုံးရလဒ်တွင် စုစုပေါင်း ပါဝင်သူ ၇၀၅ ဦးအနက် မစ္စတာ ပီတာ သည်  ထောက်ခံမဲ ၃၂၄ မဲရရှိကာ ကန့်ကွက်မဲ ၁၈၂ မဲ၊ ကြားနေမဲ ၁၉၉ မဲဖြင့် ရှုံးနိမ့်ခြင်းဖြစ်ကြောင်း သိရ သည်။

ဝန်ကြီးချုပ် ရာထူးရရှိရန်အတွက် အထက်လွှတ်တော်နှင့်အောက်လွှတ်တော်နှစ်ရပ်ပေါင်း အမတ်နေရာ ၇၄၉ နေရာအနက် မစ္စတာပီတာအနေဖြင့် ထောက်ခံမဲ ၃၇၅ မဲ ရရှိရမည် ဖြစ် သည်။

သို့ရာတွင် မစ္စတာပီတာသည် လွှတ်တော်ကိုယ်စားလှယ်များထံမှ ထောက်ခံမဲ ၃၁၁ မဲ၊ကန့်ကွက်မဲ ၁၄၈ မဲနှင့်ကြားနေ ၃၉ မဲရရှိခဲ့ပြီး အထက်လွှတ်တော်အမတ်များထံမှ ထောက်ခံမဲ ၁၃ မဲ၊ကန့်ကွက်မဲ ၃၄ မဲ နှင့် ကြားနေ ၁၅၉ မဲသာရရှိခဲ့သည်ဟု သိရသည်။

မစ္စတာပီတာကမူ ၎င်းအနေဖြင့် ယခုကဲ့သို့  ရှုံးနိမ့်ခဲ့ရသော်လည်း ဆန္ဒမဲအား ကြည်ဖြူစွာ လက်ခံမည် ဖြစ်ပြီး ပါတီအနေဖြင့် လက်လျှော့ နောက်ဆုတ်သွားမည် မဟုတ် ကြောင်း၊ ၎င်းတို့အနေဖြင့် မူဝါဒကို ပြောင်းလဲရုံမက ပြည်သူများကို ပေး ထား သည့် ကတိကိုပါ တည်စေရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဆိုသည်။

(ref : Bangkok Post)






အခြားဆက်စပ်သတင်းများ