နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားသမ္မတ တရုတ်သို့ သွားမည်

မော်စကို ဇူလိုင် ၁၄

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တရုတ် ပြည်ခရီးစဉ်သွားရောက်ရန်  စီစဉ်ထားကြောင်း ကရင်မလင် နန်းတော်က ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်သည်။

လက်ရှိအချိန်သည် ရုရှား-တရုတ် နှစ်နိုင်ငံကြား ရှိနှင့်ပြီးသား  ခိုင်မာသည့် ဆက်ဆံရေးအပေါ် အခြေပြုပြီး   ဆက်လက်တည်ဆောက်သွားရန် အချိန်ကောင်းဖြစ်ကြောင်း  ကရင်မလင်က ဖြည့် စွက်ထုတ်ပြန်သည်။

သမ္မတပူတင်၏ ခရီးစဉ်စတင်မည့်ရက်စွဲကို အပြီးသတ်အတည်ပြုမှုများ ပြုလုပ်ပြီးနောက် ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်ရှ်ကော့ဗ် က ပြောသည်။ 

ရုရှားသည် ယူကရိန်းအရေးကြောင့် အနောက် အုပ်စုနှင့် ဆက်ဆံရေး အေးစက်သွားပြီး နောက် တရုတ်နိုင်ငံနှင့်  စီးပွားရေး ၊ ကုန်သွယ် ရေး ၊ နိုင်ငံ ရေး၊ စစ်ရေးပူးပေါင်းမှုများ အားကောင်း ခိုင်မာ လာစေရန် အားထုတ်နေခြင်းဖြစ်သည်။ 


(ref: Reuters)






အခြားဆက်စပ်သတင်းများ