နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် ဗားမောင့်မြို့တွင် ရေကြီးမှုဖြစ်ပွား၊ပိတ်မိနေသူများကို ကယ်ဆယ်

ဝါရှင်တန် ဇူလိုင် ၁၃

အမေရိကန်နိုင်ငံ ဗားမောင့်မြို့တွင် ရေကြီး မှုဖြစ်စဉ်များအတွင်း ပိတ်မိနေသူများကို ကယ် ဆယ်ရေးအဖွဲ့များက လှေများ ၊ ဖောင်များ အသုံး ပြုပြီး အကူအညီပေးနေကြောင်း သိရသည်။

ဗားမောင့်မြို့တစ်ဝှမ်း ရေကြီးမှုများကြောင့် မြို့၏ ဆည်သည်လည်း စိုးရိမ် ဖွယ်အနေအထား ရောက်နေပြီး ရေကြီးမှုကြောင့် မြို့တွင်းလမ်းများ ရေဖုံးလွှမ်းသွားသည့်အတွက် ဒေသခံများသည် နေအိမ်များတွင် ပိတ်မိနေ ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရက်များက ဗားမောင့်မြို့ တွင် မိုးရေချိန် ၈ လက်မခန့်အထိ ရွာသွန်းခဲ့သဖြင့် လမ်းပန်း ဆက် သွယ်ရေးလည်းပြတ်တောက် နေပြီး ရေကြီးမှုဖြစ် စဉ်အတွင်း ပိတ်မိနေသည့် ပြည်သူများကို ကယ်ဆယ် မှု အကြိမ် ၁၀၀ ခန့် ဆောင်ရွက်ပေးထားရကြောင်း တာဝန်ရှိသူများက ပြောသည်။


(ref: CNN)






အခြားဆက်စပ်သတင်းများ