နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရင်းနှီးမြှုပ်နှံမှုအသစ် အင်ဒိုနီးရှား ဖိတ်ခေါ်

 ဂျာကာတာ ဇွန် ၉

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံတန် ရင်းနှီးမြှုပ်နှံရေး အစီအစဉ်သစ်တွင် ပါဝင်ရန် ကမ္ဘာ့ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ထားကြောင်း ဇွန် ၈ ရက် သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် လာ ရောက် ရင်းနှီးမြှုပ်နှံမည်ဆိုပါက မြင့် မားသည့် အမြတ်အစွန်းများ ရရှိမည် ဖြစ်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ကတိပြု ပြောကြားကာ ဖိတ်ခေါ်ထား ခြင်း ဖြစ်သည်။

 အင်ဒိုနီးရှား စီးပွားရေးသည် တိုးတက်မှု ငါးရာခိုင်နှုန်းဝန်းကျင်တွင် ရှိနေပြီး ငွေကြေးဖောင်းပွမှုနည်းပါးကာ ပုံမှန်ဖွံ့ဖြိုး တိုးတက်နေသည့်အတွက် ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှု ရှိစေရန် လုံလောက်ကြောင်း သမ္မတ ဝီဒိုဒိုက ပြောသည်။ 

အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွားရေးကို ပိုင်ဆိုင်ထားသည့် အင်ဒို နီးရှားသည် ရေနစ်မြုပ်မည့် အန္တရာယ် နှင့်ရင်ဆိုင်နေရသော မြို့တော် ဂျာ ကာတာကို ရွှေ့ပြောင်းနိုင်ရန် စမတ် စီးတီး ခေတ်မီမြို့တော်တစ်ရပ်ကို ဘော် နီယိုဒေသတွင် တည်ဆောက်လျက် ရှိသည်။

အဆိုပါ မြို့တော်သစ် တည်ဆောက် ရေးစီမံကိန်း ကုန်ကျစရိတ်ကို အစိုးရ ဘတ်ဂျတ်က ၂၀ ရာခိုင်နှုန်းသာ ထည့်ဝင် သုံးစွဲမည်ဖြစ်ပြီး ကျန်အသုံးစရိတ်ကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများထံမှ ရှာ ဖွေနေခြင်း ဖြစ်သည်။ 

(ref: CNN)






အခြားဆက်စပ်သတင်းများ