နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာလီကျွန်း ခရီးသွားစည်းကမ်းများ တင်းကျပ်

  ဂျာကာတာ ဇွန် ၉

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီအပန်း ဖြေ ကျွန်းသို့ လာရောက်လည်ပတ် သည့် နိုင်ငံခြားသား ခရီးသွားများသည် ရိုးရာယဉ်ကျေးမှုများကို မလေးစား ခြင်းနှင့် ဥပဒေလိုက်နာမှု အားနည်း ခြင်းကြောင့် ဆောင်ရန်၊ ရှောင်ရန် လမ်းညွှန်ချက် ကတ်ပြားများကို ဘာလီ ကျွန်း အာဏာပိုင်များက ဇွန်ကစ၍ ထုတ်ပေးနေကြောင်း သိရသည်။

မြို့ပတ်ရထားများတွင် ဆိုက်ရောက် ခရီးသည်များကိုပေးအပ်မည့် ပတ်စ်ပို့ တွင် ပူးတွဲပါရှိသည့် ကတ်တွင် ဘာလီ ကျွန်း၏ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင် နှင့် လုံခြုံရေးကို ထိန်းသိမ်းရန် ရည် ရွယ်ထားသည့် စည်းကမ်းချက် ၁၆ ချက် ကို ဖော်ပြထားကြောင်း သိရသည်။

စည်းကမ်းဖောက်ဖျက်သည့် ခရီး သွားများကို အင်ဒိုနီးရှားဥပဒေအရ အရေးယူနိုင်ကြောင်း အသိပေးထား ပြီး အမှိုက်စွန့်ပစ်မှု၊ ညစ်ညမ်းမှုနှင့် တစ်ခါသုံး ပလတ်စတစ်များကို ရှောင်ကြဉ် ကာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ် ရန်လည်း တောင်းဆိုထားသည်ဟု ဆို သည်။

ထို့ပြင် လမ်းစည်းကမ်းလိုက်နာရန်၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာ သုံးစွဲခြင်းကို ရှောင်ကြဉ်ရန်လည်း သတိ ပေးထားကာ လိုင်စင်ရလမ်းပြများ၊ တည်းခိုစရာများကိုသာ အသုံးပြုရန် နှင့် တရားမဝင် အလုပ် သို့မဟုတ် စီးပွားရေး လုပ်ကိုင်ခြင်းကိုလည်း ရှောင်ကြဉ်ရန် သတိပေးထားသည်။           

(ref: AP)






အခြားဆက်စပ်သတင်းများ