နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သံမဏိထက် မာကျောသော ဂါလ်ဗွန်း သတ္တုတစ်မျိုး ရှာဖွေတွေ့ရှိ

တက္ကဆက် ဇွန် ၉

ဂါလ်ဗွန်းဆိုသည့် အရာဝတ္ထုသည် သံမဏိထက်မာကျောပြီး အလူမီနီယံ ထက်ပေါ့ပါးကာ ကြေးနီကဲ့သို့ လျှပ်ကူး နိုင် စွမ်းရှိသည်ကို တက္ကဆက် သိပ္ပံ ပညာရှင်များက ရှာဖွေတွေ့ရှိ ထားကြောင်း သိရသည်။

သိပ္ပံပညာရှင်များ၏ ပြောကြားချက် အရ အီလက်ထရွန်နစ်ပစ္စည်းများတွင် အရေးကြီးသတ္တုတစ်မျိုးဖြစ်သည့် ရှားပါးပြီးဈေးကြီးသော ကြေးနီနေရာ တွင် ယခုတွေ့ရှိသည့် ဂါလ်ဗွန်းနှင့် အစားထိုးနိုင်ကြောင်း သိရသည်။ 

အဆိုပါပစ္စည်းသည် သန့်စင် နည်းပညာပိုင်းတွင် အပြောင်းအလဲ ဖြစ်လာနိုင်ပြီး ရာသီဥတုပြောင်းလဲမှု၊ သန့်စင်စွမ်းအင်ကူးပြောင်းနိုင်ခြင်းတို့ ကြောင့် စက်မှုလုပ်ငန်းများနှင့် ကမ္ဘာ လုံးဆိုင်ရာအခြေခံ အဆောက်အအုံများ ကို များစွာပြောင်းလဲရန် တွန်းအားတစ်ခု ဖြစ်ကြောင်း သုတေသီများက ဆိုသည်။

အမေရိကန် တက္ကဆက်တွင် ဒေါ်လာသန်း ၂၀ ရင်းနှီးမြှုပ်နှံမှုဖြင့် ဂါလ်ဗွန်းကို တွေ့ရှိထားခြင်းဖြစ်ပြီး ယင်းကို တိပ်၊ ချည်၊ အကွက်၊ အခြား ပုံစံများဖြင့် ပြုလုပ်ထားကာ ဟိုက်ဒရို ကာဗွန်များကို ခွဲထုတ်ပစ်သည့် နည်း လမ်းဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။

 ဂါလ်ဗွန်းဖြင့် ပေါ့ပါးမြန်ဆန်သည့် ယာဉ်များ၊ လေတာဘိုင်ဒလက်များ၊ လျှပ်ကူးမြင့်မားဘတ္ထရီများတွင် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်သိုလှောင် မှုကို ကောင်းမွန်စွာ လုပ်ဆောင်နိုင် မည်ဖြစ်ပြီး ဂါလ်ဗွန်းအမျှင်များကို                                                                         ကွန်ကရစ်နှင့် အခြားပစ္စည်းများတွင် ထည့်သုံးခြင်းဖြင့် အဆောက်အဦများ ပိုမို ခိုင်ခံ့ကာ သက်တမ်းကြာရှည်စေမည် ဖြစ်ကြောင်း သိရသည်။     

 (ref: AP)






အခြားဆက်စပ်သတင်းများ