နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းတွင် ယူနက်စကို အသိအမှတ်ပြု မြို့ငါးမြို့ထိ ရှိ

 ဘန်ကောက်၊ဇွန် ၉

ထိုင်းနိုင်ငံရှိ မြို့များကို အစား အသောက်၊ လက်မှုပညာ၊ ရိုးရာ အနုပညာနှင့် ဒီဇိုင်းများအပါအဝင် အမျိုးအစားစုံလင်စွာ ဖန်တီးထား သည့်မြို့များအဖြစ် ယူနက်စကိုက တရားဝင်အသိအမှတ်ပြုထားသော မြို့ ငါးမြို့အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဖူးခက်မြို့ကို ၂၀၁၅ ခုနှစ် တွင် တီထွင်ဆန်းသစ်သော စား သောက်ဖွယ်ရာမြို့အဖြစ် ယူနက်စကို က ပထမဆုံး သတ်မှတ်ခဲ့ပြီး ချင်းမိုင် မြို့ကို ထူးခြားသော လက်မှု ပညာ နှင့် ရိုးရာအနုပညာကြောင့် ၂၀၁၇ ခုနှစ်တွင် ယူနက်စကို စာရင်းဝင်မြို့အဖြစ် သတ် မှတ်ခဲ့သည်။

 ဘန်ကောက်မြို့ကိုမူ ထူးခြား သည့်ဒီဇိုင်းကြောင့် ၂၀၁၉ ခုနှစ် တွင် UNESCO creative city အဖြစ် သတ်မှတ်ခဲ့ပြီး ဆူခိုထိုင်းကို လည်း ချင်းမိုင်နှင့်ဆင်တူသဖြင့် ယူနက်စကို၏ လက်မှုပညာနှင့်ရိုးရာ အနုပညာမြို့ အဖြစ် အသိ အမှတ်ပြုခဲ့သည်။

အလားတူ ပက်ချဘူရီမြို့ကိုလည်း ဂေဟာစနစ်ကွဲပြားမှုနှင့် ရိုးရာချက်ပြုတ် နည်း များကြောင့် UNESCO creative city of Gastronomy အဖြစ် သတ်မှတ် ခဲ့သည်။

အဆိုပါမြို့များသည် မတူကွဲပြား သည့် ဖန်တီးမှုစွမ်းရည်များနှင့် ယဉ် ကျေးမှုအမွေအနှစ်များ ရှိနေသည်ကို အလေးပေးဖော်ပြထားကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ အနူချာဘူရာ ပါချိုင်စရီက ပြောသည်။

(ref: Bangkok Post)






အခြားဆက်စပ်သတင်းများ