နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုပစ္စည်းများ အရှုပ်တော်ပုံနှင့်ပတ်သက်၍ ဇင်ဘာဘွေ ကျန်းမာရေးဝန်ကြီးကို ရုံးထုတ်

ဇွန် ၂၁  ဟာရာရီ

အကျင့်ပျက်ခြစားမှု စွဲချက်များ ရင်ဆိုင်နေရသည့် ဇင်ဘာဘွေနိုင်ငံ ကျန်းမာရေးဝန်ကြီးကို ရုံးထုတ်ခဲ့ပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု နည်းလမ်းများ၊ ပစ္စည်း ကိရိယာများနှင့်ပတ်သက်သည့် အရှုပ်တော်ပုံအကြောင်း လူမှုကွန်ရက်ပေါ်တွင် လူပြောများလာခဲ့ပြီး အတိုက်အခံနိုင်ငံရေးသမားများက ဖိအားပေးခဲ့ပြီးနောက် ပြီးခဲ့သည့်သောကြာနေ့တွင် မိုယိုကို ဖမ်းဆီးခဲ့သည်။ မိုယိုသည် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ခြင်းမရှိဘဲ ဟန်ဂေရီနိုင်ငံတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းစုတစ်ခုကို အမေရိကန်ဒေါ်လာ သန်း ၂၀ တန် လုပ်ငန်းစာချုပ် လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းကြောင့် အကျင့်ပျက်ခြစားမှု စွဲချက်များ ရင်ဆိုင်နေရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဇင်ဘာဘွေအစိုးရက မှတ်ချက်တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိပေ။ မိုယိုမှာ သမ္မတ အမ်နန်ဂါဝါ၏ အစိုးရအဖွဲ့တွင် အကျင့်ပျက်ခြစားမှု စွဲချက်များ ရင်ဆိုင်နေရသည့် ဒုတိယမြောက် ဝန်ကြီးဖြစ်သည်။ မိုယိုသည် အစိုးရက ပေးအပ်ထားသည့် ဇိမ်ခံကားဖြင့် တရားရုံးသို့ ရောက်ရှိလာခဲ့သည်။ တရားရုံး၏ကြားနာမှုတွင် မိုယိုကို အာဏာအလွဲသုံးစားလုပ်သည်ဆိုသည့် စွဲချက်များဖြင့် စွဲချက်တင်ခဲ့ပြီး နိုင်ငံကူးလက်မှတ်ကို သိမ်းဆည်းခဲ့သည်။ အစောပိုင်းတွင် အစိုးရရှေ့နေများက မိုယိုကို အာမခံဖြင့် လွှတ်ပေးရန် ကန့်ကွက်ခဲ့သော်လည်း နောက်ပိုင်းတွင် အာမခံပေးရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။ 
                                                         
(KNT)






အခြားဆက်စပ်သတင်းများ