နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရခိုင်ဒေသလေဘေးသင့် ပြည်သူများအတွက် သီတဂူဆရာတော်ကြီး အိမ်အမိုးသွပ်အချပ်တစ်သောင်း လှူဒါန်း

ရန်ကုန်  မေ  ၃၀

ရခိုင်ဒေသ လေဘေးသင့် ပြည်သူများအတွက် သီတဂူ ဆရာတော်ကြီးက အိမ်အမိုးသွပ် အချပ်ပေါင်းတစ်သောင်း လှူဒါန်း ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် ကျင်းပ သည်။

ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်သာသနာပိုင် သီတဂူ အဓိပတိ ဆရာတော် ဘဒ္ဒန္တ ဉာဏိဿရဆရာတော်အား ဖူး မြော်ကြည်ညိုကြပြီး လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် ဆရာတော်ကြီး က ရခိုင်ဒေသ လေဘေးသင့် ပြည်သူများအတွက် အိမ်အမိုး သွပ်အချပ်ပေါင်း တစ်သောင်း လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် မော်တော်ယာဉ်များဖြင့် ရခိုင် ဒေသ လေဘေးသင့်ပြည်သူများ ထံ ပေးပို့မည့် အိမ်အမိုးသွပ် များကို     ကြည့်ရှုစစ်ဆေးကြပြီး

ယာဉ်မောင်းများနှင့် တွေ့ဆုံကာ လိုအပ်သည်များ မှာကြားသည်။

အလားတူ ရခိုင်ပြည်နယ် လေဘေးသင့်ပြည်သူများအတွက် မှော်ဘီမြို့နယ်၊ သဲဖြူမဟာမြိုင် ဆရာတော် ဘဒ္ဒန္တ ပညာဇောတ က တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် ဝန်ကြီးများထံသို့ လှူဒါန်း ငွေကျပ် သိန်း ၁၀၀ ပေးအပ် လှူဒါန်းကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ