နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန်တွင် ဆီးနှင်းပြိုကျမှုကြောင့် လူ ၁၁ ဦးသေဆုံး

အစ္စလာမ်မာဘတ် မေ ၂၉

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းရှိ တောင်ထူထပ်သည့် ဧရိယာတစ်ခုတွင် ဆီးနှင်းပြိုကျမှုကြောင့် လူ ၁၁ ဦး ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူများက မေ ၂၈ ရက်တွင် အတည်ပြုပြောကြားသည်။

ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၄၂၀ ရှိ  တောင်ကြားလမ်း တစ်ခုကို ဖြတ်သန်းစဉ် ဆီးနှင်းပြိုကျ ခြင်းဖြစ်ပြီး ကလေးငယ်တစ်ဦးနှင့် နောက်ထပ် ၁၃ ဦး ဒဏ်ရာရရှိထား ကြောင်း သိရသည်။

ကက်ရှ်မီးယားချိုင့်ဝှမ်းနှင့် ဆက်စပ် နေသည့် အဆိုပါ တောင်ကြားလမ်းတွင် အလောင်းများတွေ့ရှိပြီးနောက် စိုးရိမ် ရသည့် ဒဏ်ရာရသူများကို ဆေးရုံ ပို့ဆောင်ပေးထားကြောင်း နိုင်ငံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက ဆိုသည်။

လက်ရှိတွင် ပြင်းထန်သည့် ရာသီ ဥတုအခြေအနေကြောင့် ကယ်ဆယ် ရေးလုပ်ငန်းများ အနှောင့်အယှက် ဖြစ်နေပြီး ဝေးလံခေါင်သီသည့် အခင်း ဖြစ်ပွားရာနေရာသို့ ဝင်ရောက်ရန် ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။                          (ref: AFP)






အခြားဆက်စပ်သတင်းများ