နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်ရွက်လှေ ဝေလငါးများ ကိုက်ခံရသဖြင့် ပျက်စီး

မက်ဒရစ် မေ ၂၉

စပိန်တောင်ပိုင်း ကမ်းရိုးတန်းတွင် ဝေလငါးအချို့ ကိုက်ဖြတ်ခြင်းကြောင့် ရွက်လှေတစ်စင်း ပြင်းထန်စွာ ပျက်စီး သွားကြောင်း မေ ၂၈ ရက်တွင် စပိန် အာဏာပိုင်များက ထုတ်ပြန်သည်။

Orcas ဝေလငါးအုပ်စုတစ်စု၏ ကိုက်ဖဲ့တိုက်ခိုက်ခြင်းကြောင့် ရွက် လှေကိုယ်ထည်ပျက်စီးကာ အတွင်း ပိုင်းသို့ ရေများဝင်ရောက်ပြီးနောက် လှေပေါ်ပါ သင်္ဘောသား လေးဦးသည် စပိန်အာဏာပိုင်များထံ ဆက်သွယ် အကူအညီ တောင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း ရေကြောင်းကယ်ဆယ်ရေး ဝန်ဆောင်မှုလုပ်ငန်း တာဝန်ရှိသူက ပြောသည်။

အာဏာပိုင်များသည် အရေးပေါ် တုံ့ပြန်ရေး ရေယာဉ်တစ်စင်း နှင့် ရေစုပ် စက်တင်ဆောင်သော ကယ်ဆယ်ရေး ရဟတ်ယာဉ်တစ်စင်းအား အဆိုပါ ရွက်လှေထံစေလွှတ်ကာ အကူအညီ ပေးပြီးနောက် ရွက်လှေကို ပြုပြင် ရန် အနီးဆုံး ဆိပ်ကမ်းသို့ ဆွဲတင်ထား ကြောင်း သိရသည်။           

(ref: Yahoo)







အခြားဆက်စပ်သတင်းများ