နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့အလေးဆုံး မုန်လာဥဖြူ ဂင်းနစ်စံချိန်တင်

တိုကျို မတ် ၂၅

ဂျပန်နိုင်ငံ ကျန်းမာရေးအစားအစာ ထုတ်ကုန် ကုမ္ပဏီတစ်ခုက စိုက်ပျိုး ထုတ်လုပ်သော ရေမြင်းပေါက် အရွယ် အစားရှိ အလေးချိန် ၄၅ ဒသမ ၈၆၅ ကီလိုဂရမ် ၁၀၁ ပေါင်ရှိသော ကမ္ဘာ့ အလေးဆုံး မုန်လာဥဖြူသည် ဂင်းနစ် ကမ္ဘာ့စံချိန်တင်သွားကြောင်း သိရ သည်။

Manda Fermentation ကုမ္ပဏီက စိုက်ပျိုးသည့် ကမ္ဘာ့ဂင်းနစ်စံချိန်တင် မုန်လာဥဖြူသည် ၂၀၀၃ ခုနှစ်က စံချိန်တင်ခဲ့သည့်  မုန်လာဥဖြူထက် ၁၅ ကီလိုဂရမ် ၃၃ ပေါင်နီးပါး အလေး ချိန်ပိုများကြောင်း သိရသည်။

Manda Fermentation ကုမ္ပဏီ၏ ထုတ်ကုန်များတွင် အပင်ကြီးထွားမှု အတွက်  အထူးပြုလုပ်ထားသည့် Manda Hakko ထုတ်ကုန် တစ်မျိုး ရှိပြီး ယင်းထုတ်ကုန်ဖြင့် စံချိန်တင် မုန်လာဥဖြူကို ဖန်တီး စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဂင်းနစ်စံချိန်တင် မုန်လာဥဖြူကို Sakurajima မုန်လာဥဖြူနှင့် Taibyo-Sobutori မုန်လာဥဖြူမျိုးများ မျိုးစပ် ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဩဂုတ် လကုန်တွင် စတင် မျိုးစေ့ချခဲ့ခြင်းဖြစ် သည်။

မုန်လာဥများကြီးထွားလာချိန်တွင် အမြစ်ကို မြေဆီလွှာနှင့် ဖုံးထားပေးရကာ အခြား မုန်လာဥများနှင့် တစ်မီတာကျော် ခွာထားပေးရပြီး ရိတ်သိမ်းသည့်နေ့တွင် မြေဆီလွှာမှ ကြီးမားသည့်မုန်လာဥကို ဝန်ထမ်းလေးဦးက ဂရုတစိုက် ဆွဲနှုတ် ခဲ့ရကြောင်း သိရသည်။

(ref: Daily Mail)






အခြားဆက်စပ်သတင်းများ