နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လားရှိုးမြို့နယ် ကွန်ဟိကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

လားရှိုး   မတ်  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွန်ဟိကျေးရွာနှင့်ဖိုင်တောင်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်   ရန်ပုံငွေသတ္တမအကြိမ်ထုတ်ချေးခြင်းကို ယနေ့နံနက် ၉ နာရီက ကွန်ဟိကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လားရှိုးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဘရန်ဆိုင်းက မြစိမ်းရောင်စီမံကိန်း ဖြင့်ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင် တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့်အခြား မိသားစုဝင်ငွေ တိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စီမံကိန်းရန်ပုံငွေကျပ် ၅၃၆ သိန်းကို စီမံကိန်းကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်သည်။(ပုံ)        

ကိုပြည့်(ကျေးလက်)






အခြားဆက်စပ်သတင်းများ