နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပျဉ်မနားမြို့နယ် ညောင်ပင်သာကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း တတိယအကြိမ် ထုတ်ချေး

ပျဉ်မနား   မတ်  ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံ ကိန်းဝင်ကျေးရွာဖြစ်သည့် ညောင်ပင်သာအုပ်စု၊ ညောင်ပင်သာ ကျေးရွာအား စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း တတိယအကြိမ်အဖြစ် ပျဉ်မနား မြို့နယ် ညောင်ပင်သာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၂၄ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၉၃ ဦး၊ အရောင်း အဝယ်လုပ်ငန်း လုပ်ကိုင်သူ ၅၆ ဦးစုစုပေါင်းအသင်းသား ၁၇၃ ဦးအတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၁၉ သိန်းကို ကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင် များက နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးသည်။                

သူသူ






အခြားဆက်စပ်သတင်းများ