နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးလက်လုပ်ငန်းများလွှဲပြောင်းပေးအပ်

ကျုံပျော်  မတ်  ၂၅

ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းငွေလုံးငွေရင်း၊ မွမ်းမံ(ပြည် ထောင်စု၊ နိုင်ထောက်၊ တိုင်းဒေသကြီး) ရန်ပုံငွေဖြင့်  အကောင် အထည်ဖော်ဆောင်ရွက်သည့်  လုပ်ငန်းများလွှဲပြောင်းပေးအပ် ပွဲ အခမ်းအနားကို မြို့နယ်ကျေးလက်ရုံးတွင် မတ် ၂၄ ရက်က ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကုမ္ပဏီတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာလုပ်ငန်းကော်မတီဥက္ကဋ္ဌများ ၇၅ ဦးတက်ရောက်ကြသည်။(ပုံ)

အဆိုပါ ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်းရေပေးရေး လုပ်ငန်း ရှစ်ခု၊ ကျေးရွာကုန်ထုတ်လမ်း လေးလမ်း၊ Box Culvert နှစ်စင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(vdp)ကျေးရွာ ၁၉  ရွာတို့၏လုပ်ငန်းကော်မတီဥက္ကဌနှင့်အုပ်ချုပ်ရေးမှူး များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ထွေထွေး(ကျေးလက်)






အခြားဆက်စပ်သတင်းများ