နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သထုံမြို့နယ် နောင်ဘိုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေ ထုတ်ချေး

သထုံ   မတ်  ၂၅

သထုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကျုံပါကျေးရွာအုပ်စု၊ နောင်ဘိုကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေး ပေးခြင်းကို မတ် ၂၄ ရက်၊ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော် ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သထုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်သွယ်ဦးက မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှု လျော့ကျစေရန် နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် အခြား မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ထို့နောက် နောင်ဘိုကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့များက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၆ ဦးကို  ၁၁ ဒသမ ၅ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦးကို ၈ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ရှစ်ဦးကို ၅ ဒသမ ၄ သန်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦးကို ၇ ဒသမ ၉ သန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ  တစ်ဦးကို ၀ ဒသမ ၅သန်း စုစုပေါင်း အသင်းသူ၊ အသင်းသား ၅၁ ဦးကို စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၃ ဒသမ ၃ သန်း နေ့ချင်းပြီးထုတ်ချေးပေးသည်။

သန္တာ






အခြားဆက်စပ်သတင်းများ