နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ် ၁၈ ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးကျင်းပ

ရန်ကုန်  မတ်  ၂၀

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင် များအသင်းချုပ် ၁၈ ကြိမ် မြောက်နှစ်ပတ်လည်အသင်း သားစုံညီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လမ်း မတော်မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ Panda Hotel တွင် ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်း ဒေသကြီးဝန်ကြီးများ၊ မြန်မာ နိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်း (ဦးထုံ ရွှေပန်းထိမ်)၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမျိုးသက် အောင်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမျိုးသက်အောင် က အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ဝင်း (ဦးထုံရွှေပန်းထိမ်) က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြား သည်။        

ထို့နောက် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း ချုပ် ၁၈ ကြိမ်မြောက် နှစ်ပတ် လည်အသင်းသားစုံညီအစည်း အဝေး၏ ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂  ခုနှစ်အလုပ်အမှုဆောင်အဖွဲ့နှစ်ပတ်လည်အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းများ ရှင်းလင်းတင်ပြခြင်းနှင့် အတည်ပြုခြင်းတို့ကိုဆောင် ရွက်ကြပြီးခေတ်နှင့်လျော်ညီ စွာပြင်ဆင် ဖြည့်စွက်ရေးဆွဲ ထားသည့် မြန်မာနိုင်ငံရွှေ လုပ်ငန်းရှင်များအသင်းချုပ်၏ “ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း" ကိုအတည်ပြုကြသည်။

အဆိုပါ နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး တွင် Main Sponsor အဖြစ် ပါဝင်ကူညီအားဖြည့်ပေးကြ သော ရွှေလုပ်ငန်းရှင်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်းက ဂုဏ်ပြုမှတ် တမ်းလွှာ များပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်အခမ်းအနား တက်ရောက်လာကြသူများက မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြ ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က တက်ရောက်လာကြသူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက် သည်။     

     ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ