နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြံခင်းမြို့နယ် သောကြာဒူးကမ်းခြေ လာရောက်လည်ပတ်နိုင်

ရန်ကုန်   မတ် ၁၇

ကြံခင်းမြို့နယ်၊ သောကြာ ဒူးကျေးရွာအနီး ဧရာဝတီမြစ် ကမ်းဘေး သောကြာဒူးအပန်း ဖြေကမ်းခြေသို့ သင်္ကြန်ကာလ တွင် အများပြည်သူများ လာ ရောက်လည်ပတ်နိုင်ရန် ဖွင့်လှစ် ထားကြောင်း သိရသည်။

သောကြာဒူးကမ်းခြေကို တပေါင်းလပြည့်နေက စတင်၍ ပြန်လည်ဖွင့်လှစ်ထားပြီး၊မြစ် ရေမတက်မီ သင်္ကြန်အပြီးကာလ အထိ ဖွင့်လှစ်ရန် ရည်ရွယ်ထား ကြောင်း သိရသည်။

ကမ်းခြေနေရာသည် သဲ သောင်ပြင် ကျယ်ပြန့်၍အပန်း  ဖြေရန် ကောင်းမွန်ပြီး ကမ်းစပ် တွင် ကွမ်းပင်တန်းစိုက်ခြင်း၊ ပုသိမ်ထီးများနှင့် အလှဆင် ခြင်းအပါအဝင် ကမ်းခြေကစား ကွင်းကိုလည်း ထပ်မံပြုပြင်ပေး ထားသည်ဆို၏။

ယင်း အပန်းဖြေမြစ်ကမ်း နေရာသည် အကောက်တောင် သို့ ဘုရားဖူးလာရောက်သူများ တစ်ဆက်တည်းသွားရောက် လည်ပတ်နိုင်ပြီး ကြံခင်းဘက် ကလာမည်ဆိုပါက အကောက် တောင်ကို မတက်ဘဲအကောက် တောင် တောင်ခြေမှ သောကြာ ဒူးရွာထဲသို့ဆင်းကာ ကမ်းခြေ ကို တိုက်ရိုက် သွားရောက်နိုင် မည်ဖြစ်သည်။                 

 (008)







အခြားဆက်စပ်သတင်းများ