နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံသို့ နိုင်ငံခြားသား ပြည်ဝင်ခွင့် ဗီဇာများ ပြန်လည်ခွင့်ပြုမည်

ရန်ကုန်   မတ် ၁၇

တရုတ်နိုင်ငံအစိုးရသည် ၂၀၂၃ ခုနှစ် မတ် ၁၅ ရက် ပေ ကျင်းစံတော်ချိန် ၀၀:၀၀ နာရီမှ စတင်၍၊ တရုတ်နိုင်ငံသို့ လာ ရောက်မည့် နိုင်ငံခြားသားများ အတွက် ဗီဇာနှင့် ပြည်ဝင်ခွင့်မူ ဝါဒများကို ပြောင်းလဲရန် ဆုံး ဖြတ်လိုက်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက သိရှိရ သည်။

အဆိုပါ ထုတ်ပြန်ထားမှု အရ ၂၀၂၀ ပြည့်နှစ် မတ် ၂၈ ရက် မတိုင်မီ ထုတ်ပေးထားခဲ့သော ဗီဇာများနှင့် သက်တမ်းရှိ ဗီဇာ များကို ပြန်လည်ခွင့်ပြုမည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံရပ်ခြားတွင် အခြေ စိုက်ထားသော ဗီဇာထုတ်ပေး ရေးရုံးများသည်၊ တရုတ်နိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသား များအတွက် ဗီဇာအမျိုးအစား အားလုံးကို ပြန်လည်သုံးသပ်ပြီး ထုတ်ပေးမှုကို ပြန်လည်စတင် မည်ဖြစ်သည်။

ထိုပြင် တရုတ်နိုင်ငံအတွင်း သို့ တရားဝင်၊ အဝင်အထွက်လုပ် ဆောင်သည့် ကုန်းကြောင်း၊ လေ ကြောင်းနှင့်ရေကြောင်းဂိတ် ပေါက်များက ဥပဒေနှင့်အညီ အဝင်အထွက် ဗီဇာအမျိုးအစား အားလုံးကို ပြန်လည်သုံးသပ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိ ရသည်။

တရုတ်နိုင်ငံ ဟိုင်နန်ပြည် နယ်သို့ ဗီဇာကင်းလွတ်ခွင့်၊ ရှန်ဟိုင်းသို့ လာရောက်သော သင်္ဘောများအတွက် ဗီဇာကင်း လွတ်ခွင့်၊ ဟောင်ကောင်နှင့် မကာအိုမှ ကွမ်တုန်းပြည်နယ် သို့ လာရောက်သော နိုင်ငံခြား သားများအတွက် ဗီဇာကင်းလွတ် ဝင်ခွင့်နှင့်ကွမ်ရှီးပြည်နယ် ကွေ့ လင်းမြို့သို့လာရောက်သော အာဆီယံ ခရီးသွားအုပ်စုများ  အတွက် ဗီဇာကင်းလွတ်ခွင့်များ ကိုလည်း ပြန်လည်စတင်မည် ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် ကိုဗစ်- ၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး အတွက် သုံးနှစ်ကြာ ချမှတ်ထား သည့် ကန့်သတ်ချက်များကို၊ ပြည်တွင်း၌ ဖယ်ရှားလိုက်ပြီး ခရီးသွားများကိုလည်းပြန်လည် ခွင့်ပြုရန် လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။

အောင်မြင့်ဌေး







အခြားဆက်စပ်သတင်းများ