နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ဆင်ခြင်းမှသည် ဈေးကွက်ဝင်ရောက်ခြင်းဆီသို့ ဆွေးနွေးပွဲကျင်းပ

ရန်ကုန်   မတ် ၁၇

ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်နှင့် ဧရာဝတီဘဏ်တို့ ပူး ပေါင်းကျင်းပသည့်" ပြင်ဆင် ခြင်းမှသည် ဈေးကွက်ဝင်ရောက် ခြင်းဆီသို့" ခေါင်းစဉ်ဖြင့် ဆွေး နွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ က ရန်ကုန်မြို့လမ်းမတော် မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက် မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ကျင်းပ သည်။

ရှေးဦးစွာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံတော်က အားပေး ပြီးတော့ လုပ်ဆောင်နေမှုများ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်က ပုဂ္ဂလိကလုပ်ငန်းများ တိုး တက်လာစေရန် ဆောင်ရွက်နေ မှုများ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်း (MSME)များ တိုးတက်ရေးနှင့် စိန်ခေါ်မှုများ ဈေးကွက်အနေအထား MSME အချင်းချင်းပူးပေါင်းဆောင်ရွက် ရေး၊ နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ဆက်သွက်ရေးများနှင့် ပတ် သက်၍  ဆွေးနွေးပြောကြားသည်။

MSME လုပ်ငန်းများသည် ၉၅ ရာခိုင်နှုန်းခန့် ရှိသဖြင့်၊ MSME လုပ်ငန်းများ တိုးတက် လာခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရန် UMFCCI အသင်းချုပ်နှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်းဆောင် ရွက်ပြီး အခြားသော အသင်း အဖွဲ့များနှင့်လည်း ပူးပေါင်း လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း ချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင် က Moderatorအဖြစ်ဦး ဆောင်ကာ ဦးဝင်းမြင့်အောင် City Holding Limited၊ ဦးနေလင်းထွဋ် (ဧရာဝတီဘဏ်)၊ ဒေါ်အင်ကြင်းခိုင် (Top-Cashew Nut & Cashew Brittlye) ၊ ဦးသန်းဇော်ကို (Myanmar Barcode Association တို့က အသေးစား အလတ်စားစီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိးတိုးတက် လာစေရန်အတွက် " ပြင်ဆင် ခြင်းမှသည် ဈေးကွက်ဝင်ရောက် ခြင်းဆီသို့" ခေါင်းစဉ်နှင့် စပ် လျဉ်း၍ဆွေးနွေးကြသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ ဆွေး နွေးမေးမြန်းချက်များကိုတာဝန် ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ