နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သံနှင့်သံမဏိလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ၂၀၂၃ ကျင်းပ

ရန်ကုန်   မတ် ၁၅

မြန်မာနိုင်ငံသံနှင့်သံမဏိ အသင်းနှင့်အရှေ့တောင်အာရှ သံနှင့် သံမဏိအသင်းတို့ ပူး ပေါင်းကျင်းပသည့် "TheSouth East Asia Iron & Steel Insti-tute (SEAISI) 2023 Travelling  Seminar" သံနှင့်သံမဏိလုပ် ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ၂၀၂၃ ကို ယနေ့နံနက် ၉ နာရီ တွင် ရန်ကုန်မြို့လမ်းမတော်မြို့ နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCi) မင်္ဂလာခန်းမ၌ ကျင်းပ ရာ စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း တက်ရောက်၍ အဖွင့် အမှာစကားပြောကြား သည်။(ပုံ)

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက အမှာ စကားပြောကြားရာတွင် သံမဏိ ထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးဖို့ ကဏ္ဍမှာ အထူးသတိထားရမှာ ကတော့ စံချိန်စံညွှန်းပြည့်မီရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပဲ ဖြစ်ပါကြောင်း သံနှင့် သံမဏိ ပစ္စည်းများဆိုင်ရာ စံချိန်စံညွှန်း ၁၂ ခုရေးဆွဲထုတ်ပြန်ပြီးဖြစ် ပါကြောင်း ဆက်လက်ရေးဆွဲ နေတယ်လို့လည်း သိရပါ ကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့ အဓိကကျတဲ့ သံနဲ့သံမဏိဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စဖြစ်ပါကြောင်း နိုင်ငံ တော်၌ သံနှင့်သံမဏိထုတ်လုပ် ဖို့ သယံဇာတ၊ သတ္တုရိုင်း ကျောက် မီးသွေးတွေထိုက်သင့်သလောက် ရှိပါကြောင်း သယံဇာတတွေကို လိုက်ဖက်သည့် နည်းပညာ အသုံးချပြီး သံရိုင်းမှသံမဏိ အဖြစ်သို့လည်းကောင်း၊ သံတို သံစမှ အရည်အသွေးရှိသည့် သံမဏိအဖြစ်သို့ လည်းကောင်း ပြည်တွင်းလိုအပ်ချက်ကို ပြည် တွင်း၌ ထုတ်လုပ်နိုင်မည်ဆိုရင် ပြည်ပကို တင်ပို့ရောင်းချနိုင်သည် အထိပါ ဆက်လက်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ရရှိမည့် အကျိုးကျေးဇူးမှာ ပြည်ပကနေ ဝယ်ယူတင်သွင်းနေရသည့် နိုင်ငံ ခြားငွေ လျော့ချနိုင်မည်ဖြစ်ပါ ကြောင်း၊ ပြည်ပမှ နိုင်ငံခြား ငွေကိုပါရှာဖွေနိုင်မည်ဖြစ်သည့် အတွက်၊ နိုင်ငံတော်အတွက် စီး ပွားရေးပြုပြင်ပြောင်းလဲမှုကို များစွာအထောက်အကူပြုနိုင် မည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်နှင့်မြန်မာ နိုင်ငံသံနှင့် သံမဏိအသင်း ဥက္ကဋ္ဌ  ဒေါက်တာကေသီလွင်တို့က အမှာစကားပြောကြားကြသည်။

အဆိုပါ အခမ်းအနားတွင် သံနှင့်သံမဏိကဏ္ဍနှင့်စပ်လျဉ်း ၍ လုပ်ငန်းရှင်များ၊ ပညာရှင်များ မှ ပါဝင်ဆွေးနွေးခဲ့ကြောင်း သိ ရသည်။           

အောင်မြင့်ဌေး

(မြို့တော်သတင်း)







အခြားဆက်စပ်သတင်းများ