နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နီပေါသမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

ခတ္တမန္ဒူ   မတ်   ၁၅

နီပေါနိုင်ငံတွင် ရာစုနှစ်များစွာ သက်တမ်းရှိခဲ့သည့် ဘုရင်စနစ်ကို ဖျက်သိမ်းကာ သမ္မတနိုင်ငံ ပြောင်းလဲ ပြီးနောက် ယခုတတိယအကြိမ် သမ္မတသစ် ရွေးချယ်လိုက်ကာ ယင်းသည် မတ် ၁၃ ရက်က ခတ္တမန္ဒူ မြို့တော်တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီး ဖြစ်ကြောင်း သိရသည်။

သမ္မတသစ် ရမ်ချန်ဒရာပေါဒါလ်ကို  အစိုးရပါလီမန်နှင့် ပြည်နယ်လွှတ်တော် အဖွဲ့ဝင်များက ပြီးခဲ့သည့် ရက်သတ္တ ပတ်က သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခဲ့ကြခြင်း ဖြစ်သည်။

ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား တွင် သမ္မတကို ဂုဏ်ပြုသည့်အနေဖြင့်  တပ်မတော်တေးဂီတအဖွဲ့က နိုင်ငံ တော်သီချင်းသီဆိုကာ အလေးပြုကြ ပြီး ထိပ်တန်းအရာရှိများ၊ သံတမန် များနှင့် ပါလီမန်အဖွဲ့ဝင်များတက် ရောက်ဂုဏ်ပြုကြကြောင်း သိရသည်။

နီပေါနိုင်ငံ သမ္မတအဖြစ် ရာထူး သက်တမ်းနှစ်ကြိမ် တာဝန်ထမ်း ဆောင်ခဲ့သည့် သမ္မတဘီဒီယာဒေဗီ ဘန်ဒါရီသည် ကျမ်းသစ္စာကျိန်ဆို ပွဲပြီးချိန်တွင် ရာထူးကဆင်းပေးခဲ့ ကြောင်း သိရသည်။

(ref: BBC)






အခြားဆက်စပ်သတင်းများ