နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းမတော်မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်

လမ်းမတော်မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့်စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၁၃ ရက်၊ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများကတွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၁၈ ဦးဖြင့် အမှတ် ၁၂ ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ သရက်တောကျောင်းတိုက်ရှေ့ရှိ စွန့်ပစ်အမှိုက်များ ရှင်းလင်းသိမ်းဆည်းခြင်း၊ သစ်ရွက်ကြွေများအမှိုက်သဲခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ခွင့်ပြုချက်မဲ့ကြော်ငြာများရှင်းလင်းခြင်း၊ ဖြတ် မြောင်းနှာပေါက်အတွင်းရှိ အမှိုက်သဲခဲများရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့်သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်းများ ဆောင် ရွက်ကြစဉ်။                                                                                                                    မလတ်







အခြားဆက်စပ်သတင်းများ