နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲမှုကြောင့် သတ္တုတူးဖော်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းအားလုံး ရပ်နား

ဂျာကာတာ မတ် ၁၄

အင်ဒိုနီးရှားနိုင်ငံတွင် မာရာပီ မီးတောင်ပေါက်ကွဲမှုကြောင့် ကောင်း ကင်သို့ ပြာမှုန်များ လွင့်ထွက်လာရာ သတ္တုတူးဖော်ရေးနှင့် ခရီးသွားလုပ်ငန်း အားလုံးကို ရပ်နားလိုက်ကြောင်း အာဏာ ပိုင်များက မတ် ၁၃ ရက်တွင် ထုတ်ပြန် သည်။

မီးတောင် ပြင်းထန်စွာပေါက်ကွဲ မှုကြောင့် ချော်ရည်များသည် တောင် စောင်းများအောက်သို့ ၇ ကီလိုမီတာ အကွာထိ စီးကျလာသဖြင့် လုပ်ငန်းများ အရေးပေါ် ရပ်နားလိုက်ခြင်း ဖြစ် ကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် ပူပြင်း သော တိမ်တိုက်များသည်လေထဲသို့ မီတာ ၁၀၀ အမြင့်ထိ ရောက်ရှိလာပြီး ပြာများကြောင့် နေရောင်ကိုပင် မမြင်ရ သည်အထိ ဖြစ်ပွားကာ တောင်ပေါ်က အပျက်အစီးများသည် အနီးရှိ ရွာများ သို့ပါ လွင့်ထွက်လာကြောင်း သိရသည်။

မာရာပီမီးတောင်သည် မီးတောင် ရှင် တစ်ခုဖြစ်ပြီး ၁၅၁ ဒသမ ၆ သန်း သော ဒေသခံ ပြည်သူများရှိသည့် ကမ္ဘာ့ လူဦးရေအထူထပ်ဆုံး ဂျာဗား ကျွန်းပေါ် တွင် တည်ရှိသည်။

ယခုအကြိမ် မီးတောင် ပေါက်ကွဲ မှုကြောင့် သေဆုံးထိခိုက် ပျက်စီးမှု မရှိသော်လည်း ယခင် ၂၀၁၀ ပြည့်နှစ်က မာရာပီ မီးတောင်ပေါက်ကွဲမှုကြောင့် လူ ၃၄၇ ဦးသေဆုံးကာ ရွာသား ၂၀,၀၀၀  အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။                

(ref: Daily Mail)






အခြားဆက်စပ်သတင်းများ