နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံ၏ BRI စီမံကိန်းများကြောင့် ကမ္ဘာတစ်ဝန်း အလုပ်အကိုင်ထောင်ချီ ဖန်တီးပေးနိုင်

  ပေကျင်း   မတ် ၁၃

ဆယ်စုနှစ်ကာလတစ်ခုအတွင်း Belt and Road Initiative (BRI) ပူးပေါင်းဆောင်ရွက်မှုမှ စီမံကိန်း ၃,၀၀၀ ကျော်ကို ဆောင်ရွက်ခဲ့ရာ ယင်းစီမံကိန်းများမှ အလုပ်အကိုင် ထောင်ချီ ဖန်တီးပေးထားနိုင်ကြောင်း မတ် ၁၂ ရက်က ပြုလုပ်သော ၁၄ ကြိမ်မြောက် National People Congress သတင်းစာရှင်းလင်းပွဲတွင်  တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်းက ပြောသည်။

အဆိုပါ BRI စီမံကိန်းများတွင် ပါဝင်သည့် လမ်းကြောင်းတစ်လျှောက် နိုင်ငံများတွင်လည်း အလုပ်အကိုင် ၄,၂၀၀ ခန့် ဖန်တီးခဲ့ပြီး လူ သန်း ၄၀ နီးပါး ဆင်းရဲမွဲတေမှု ဖယ်ရှားနိုင်ရန် ကူညီနိုင်ခဲ့ကြောင်း ယင်းက ပြောသည်။

BRI စီမံကိန်းများတွင် ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ လေးပုံ သုံးပုံကျော်နှင့် နိုင်ငံ တကာအဖွဲ့အစည်း ၃၂ ခု ပါဝင်ထားပြီး တရုတ်နိုင်ငံ နှင့် တစ်ကမ္ဘာလုံးကို ချိတ် ဆက်ထားကြောင်း သိရသည်။

 BRI စီမံကိန်းများသည် ကုန်းတွင်း ပိုင်းများတွင် အာရှတိုက် အလယ်ပိုင်းနှင့် ဥရောပကို သွေးကြောကွန်ရက်သဖွယ် ချိတ်ဆက်ထားကာ ပင်လယ်ရေကြောင်း လမ်းမကြီးအဖြစ်လည်း အရှေ့တောင် အာရှ၊ တောင်အာဖရိက၊ အရှေ့ အလယ် ပိုင်း နှင့် အမေရိကအထိ ချိတ်ဆက်ထား သည်။                   

(ref: China Daily)






အခြားဆက်စပ်သတင်းများ