နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒလမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်

ဒလမြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ မတ် ၁၂ ရက်မွန်းလွဲပိုင်းက မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ဌာနများမှ တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၂၅ ဦးဖြင့် မြို့မ ၄ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်း လင်းခြင်း၊ သစ်ရွက်ကြွေများ အမှိုက်၊ သဲ၊ ခဲများ လှည်းကျင်းရှင်း လင်းခြင်း၊ ရေမြောင်းပြန်လည်တူး‌ဖော်ခြင်း၊ အံ့ကြီးအနောက် ရပ်ကွက် အမှိုက်ကန်အတွင်း စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိအမှိုက်များကို ယာဉ်တစ်စီးဖြင့် လိုက်လံသိမ်းဆည်း သယ်ယူစွန့်ပစ်ခြင်းများ ဆောင်ရွက်ကြစဉ်။            

ယဉ်မွန်






အခြားဆက်စပ်သတင်းများ