နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ကြည့်ရှုစစ်ဆေး

ရန်ကုန်  မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး၊ ကော်မတီဝင် များ၊ ဌာနမှူးများနှင့်တာဝန်ရှိ သူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဒဂုံမြို့နယ်၊ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ မြောက် ဘက်မုခ်နှင့် အနောက်ဘက် မုခ်အကြားရှိ သိင်္ဂုတ္တရဥယျာဉ် အတွင်း စိမ်းလန်းစိုပြည်ရေး နှင့် သန့်ရှင်းသာယာသပ်ရပ် ရေးအတွက် စုပေါင်းလုပ်အား ပေးကာ ဆောင်ရွက်နေမှု၊ ဒဂုံ မြို့နယ်၊ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ် ပျိုးခြံအတွင်း အုန်းပင်များ စိုက်ပျိုးထားရှိမှု၊ ပြည်သူ့ရင်ပြင်အတွင်း မဟာ သင်္ကြန်ရေသဘင်ပွဲတော်မဏ္ဍပ် များတည်ဆောက်နေမှု၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့တော်ခန်းမရှေ့ တွင် မဟာသင်္ကြန်ရေသဘင် ပွဲတော်ဖျော်ဖြေရေးမဏ္ဍပ်၊ရေ ကစားမဏ္ဍပ်နှင့် ဧည့်ခံရေး မဏ္ဍပ်များ တည်ဆောက်နေမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော် မြတ်ကြီး၏ မြောက်ဘက်မုခ်နှင့် အနောက်ဘက်မုခ်အကြားရှိ သိင်္ဂုတ္တရဥယျာဉ်သို့ သွားရောက် ၍ ခရိုင်စည်ပင်သာယာအုပ်ချုပ် ရေးမှူးဦးဆောင်၍ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးများနှင့် ဌာနများမှ ပူးပေါင်း အင်အား ၃၀၀ ဦးဖြင့် မြက်ပင် ချုံနွယ်များခုတ်ထွင် ရှင်းလင်း ခြင်း၊ အရိပ်ရပင်များ၏အောက် တက်များရှင်းလင်းခြင်း၊အုပ် မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း    စုပေါင်းလုပ်အားပေးဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းအတွင်းမှ မြက်များ၊ အမှိုက်များနှင့်နုန်းများ ဆယ် ယူရှင်လင်းရန်နှင့် အပင်ကြီး များအား အလှမီးတပ်ဆင်ရန် တို့ကိုမှာကြားပြီး လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့တော်ဝန် နှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်သို့ သွားရောက်၍ ပန်းဥယျာဉ်နှင့်အားကစားကွင်းများဌာနမှ ဆောင်ရွက်ထားရှိသည့် ပျိုးခြံအတွင်း အုန်းပင်များ စိုက်ပျိုးထားရှိမှုကိုကြည့်ရှု စစ်ဆေးပြီး ပြည်သူ့ရင်ပြင် အတွင်း မဟာသင်္ကြန်ပွဲတော် အတွက် မဏ္ဍပ်များတည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှေ့တွင် မဟာသင်္ကြန် ရေသဘင်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစား မဏ္ဍပ်နှင့်ဧည့်ခံရေးမဏ္ဍပ်များ တည်ဆောက်နေမှုကိုကြည့်ရှု စစ်ဆေးပြီး မဏ္ဍပ်များကြံ့ခိုင် ရေးနှင့် လုပ်ငန်းခွင်အန္တရယ် ကင်းရှင်းရေးတို့ကိုအလေးထားဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

သတင်း-မိုးဝေ

ဓာတ်ပုံ-ရွှေဝင်း







အခြားဆက်စပ်သတင်းများ