နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားများ မတ် ၁၅ ရက်တွင် နိုင်ငံတစ်ဝန်း ကျင်းပမည်

ရန်ကုန်  မတ်  ၁၂

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနအနေနှင့် ယခုလ ၁၅ ရက်တွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

နှစ်စဉ် မတ် ၁၅ ရက်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကမ္ဘာ့စားသုံး သူအခွင့်အရေးများနေ့ အခမ်းအနားကို ကျင်းပလေ့ရှိပြီး မြန်မာ နိုင်ငံတွင်လည်း ယခုလ ၁၅ ရက်၌ "စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့" ခေါင်းစဉ်ဖြင့် ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အခမ်းအနားများကို တိုင်းဒေသကြီးများနှင့် ပြည်နယ် များအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ် ထားခြင်းဖြစ်သည်။

ယခုနှစ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ယခုလ ၁၅ ရက်၌ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အသီးသီးတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား များတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးနှင့် ပတ်သက်သော အချက် အလက်များ၊ မြန်မာနိုင်ငံရှိ စားသုံးသူအခွင့်အရေးနှင့် ပတ်သက် သော အကြောင်းအရာများ၊ ဌာနဆိုင်ရာများက ဆောင်ရွက်နေ သော စားသုံးသူအခွင့်အရေး ကာကွယ်ရေးနှင့်ပတ်သက်သော လုပ်ငန်းစဉ်များအကြောင်းကို အသိပညာပေးဆောင်ရွက်ကြမည်ဖြစ် သည်။                                                                       

ဆောင်းဦး






အခြားဆက်စပ်သတင်းများ