နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်တွင် မိုင်းတွင်းပြိုကျ ၊ အလုပ်သမား သုံးဦးသေဆုံး

မက်ဒရစ် မတ် ၁၁

စပိန်နိုင်ငံအရှေ့မြောက်ပိုင်း ဆူရီယာမြို့ရှိ အနောက်ဥရောပတလွှား အကြီးမားဆုံး ပိုတက်ရှ် မိုင်းတွင်း မြေအောက်ပြိုကျမှုကြောင့် အလုပ် သမား  သုံးဦး သေဆုံးသွားကြောင်း ဒေသဆိုင်ရာသမဂ္ဂ USOC က မတ် ၁၀ ရက်တွင် ထုတ်ပြန်သည်။

အီဘာပိုတက်ရှ်ကုမ္ပဏီက လုပ်ကိုင်နေသည့် အဆိုပါမိုင်းတွင်း ပြိုကျမှု ဖြစ်စဉ်သည် မြေအောက် အနက် မီတာ ၉၀၀ ခန့်တွင် ဖြစ်ပွား ခြင်း ဖြစ်ကြောင်း မီးသတ်သမားများ က ပြောသည်။

အာဏာပိုင်များသည် ယခုသေဆုံး သူများကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ရန် နာရီပေါင်းများစွာ ကြာမြင့်မည်ဖြစ်ပြီး မိုင်းတွင်းရှိ ကျန်အလုပ်သမားများကို ဘေးလွတ် ရာသို့ ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

ဘာစီလိုနာမြို့ မြောက်ဘက် ကီလိုမီတာ ၈၀ ခန့်တွင် တည်ရှိသည့် အဆိုပါမိုင်းတွင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီက  ဘေးကင်းရေး စစ်ဆေးမှုကို အောင်မြင်ထားပြီးဖြစ် ကြောင်း  ကက်တလိုနီးယား စီးပွား ရေးဌာနမှ ထိပ်တန်းအရာရှိရိုဂါ တောရန့်က ပြောသည်။ 

(ref: AP)






အခြားဆက်စပ်သတင်းများ