နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်သမ္မတရှီကျင့်ဖျင် တတိယ သမ္မတသက်တမ်း စတင်

ပေကျင်း မတ်  ၁၁

တရုတ်နိုင်ငံ၏ သမ္မတရှီကျင့်ဖျင်ကို အဖွဲ့ဝင် ၂၉၉၇ ဦးရှိသည့် အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC) က တညီ တညွတ်တည်း ထောက်ခံလိုက်ရာ မတ် ၁၀ ရက်တွင် နိုင်ငံ၏ သမ္မတအဖြစ် တတိယသက်တမ်းကို စတင်နေပြီဖြစ် ကြောင်း သိရသည်။

သမ္မတရှီကျင့်ဖျင်သည် လာမည့် ငါးနှစ်အတွင်း ပြည်တွင်းပြည်ပ စိန်ခေါ် မှုများကို ရင်ဆိုင်ဖြတ်ကျော်ကာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနှင့် အစိုးရအဖွဲ့ကို ဦးဆောင်သွားမည် ဖြစ်ကြောင်း ကတိပြုပြောကြားသည်။ 

အာဏာရ ကွန်မြူနစ်ပါတီကို ဦးဆောင်နေသည့်  သမ္မတ ရှီသည် အမျိုးသား ဗဟိုစစ်ကော်မရှင်၏ အကြီး အကဲအဖြစ်လည်း ခန့်အပ်ခံထားရပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ကြီးကြပ်ကွပ်ကဲသည့် ပါတီအဖွဲ့၏ အကြီးအကဲအဖြစ်လည်း ခန့်အပ်ခံ ထားရသည်။

တရုတ်နိုင်ငံ၏ ရပ်တန့်နေသည့် စီးပွားရေးလုပ်ငန်းအချို့ကို ပြန်လည် အသက်သွင်းရန်နှင့် နည်းပညာပိုင်း ဆိုင်ရာတိုးတက်စေရေး၊ ထိုင်ဝမ် ရေလက်ကြားတွင် ဖြစ်ပေါ်နေသည့် တင်းမာမှုများကို ဖြေရှင်းရေး နှင့် နိုင်ငံ့လုံခြုံရေးကို တင်းကျပ်စွာ ကိုင် တွယ်ရေး စသည်တို့သည် သမ္မတရှီ၏  တတိယ သက်တမ်းအတွက် ဦးစားပေး ဖြစ်ကြောင်း သိရသည်။     

 (ref: CNN)







အခြားဆက်စပ်သတင်းများ