နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းများ ဖွင့်လှစ်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် သဘာဝဘေးအဖြစ် များနေသော ကာလဖြစ်သည်။ လူ့ပယောဂကြောင့်ဖြစ်သော ဘေး များကို မဖြစ်ပေါ်အောင် တားဆီး၍ ရကောင်းရမည်ဖြစ်သော်လည်း သဘာဝပယောဂကြောင့်ဖြစ်သော ဘေးများကို တားဆီး၍ ရနိုင်မည် မဟုတ်ပေ။ 

သဘာဝပယောဂကြောင့် ဘေးများအဖြစ်များလာပြီး ဘေး ကြောင့် လူ့အသက်အိုးအိမ် စည်းစိမ်များ၊ အခြေခံအဆောက်အအုံ နှင့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးမှုများလည်း ပိုမိုများပြား လာလျက်ရှိသည်။ သဘာဝဘေးအန္တရာယ်သည် နိုင်ငံတစ်နိုင်ငံ ၏ စဉ်ဆက်မပြတ် တိုးတက်ရေးကို အဟန့်အတားဖြစ်စေသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့် ဆူနာမီရေလှိုင်း တို့ ကဲ့သို့သော သဘာဝဘေးများကို ကြိုတင်ခန့်မှန်းတွက်ချက်နိုင် ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းပါးအောင် ကာကွယ် နိုင်မည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် လျော့ပါးရေးတွင် ကြိုတင် ပြင်ဆင်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ ဘေးအန္တရာယ် စီမံခန့်ခွဲမှုစက်ဝန်းပါ အန္တရာယ်ဖြစ်နိုင်ခြေ လျှော့ချခြင်း၊ ကြိုတင် အသင့်ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ခြင်း ဟူသည့် ကြိုတင်ပြင်ဆင်ခြင်းဖြင့် ထိခိုက်မှုလျော့နည်းပြီး ထောက်ပံ့ မှုများလည်း မြန်ဆန်ထိရောက်မည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံ များနည်းတူ မြန်မာနိုင်ငံတွင်လည်း တိုင်းဒေသကြီးမှ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက် ရေးအဖွဲ့များ၊ ကော်မတီများ ဖွဲ့စည်းကာ စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

သဘာဝဘေးအန္တရာယ်လျော့ပါးရေးတွင် ရပ်ရွာလူထုစွမ်းဆောင် ရည် မြှင့်တင်ရေးလုပ်ငန်းများကို ဘက်စုံ၊ ကဏ္ဍစုံမှ ဆောင်ရွက်လျက် ရှိသည်။ မိုးလေဝသနှင့် ဇလဗေဒဌာနက ကြီးမှူး၍ ကြိုတင်သတိပေး စနစ်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ် လျက်ရှိသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကိစ္စရပ်များအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြိုတင်သတိပေးစနစ် နှင့် သဘာဝဘေးများအကြောင်းကို မိုးလေဝသနှင့် ဇလဗေဒဦးစီး ဌာန၊ အရေးပေါ်ရှာဖွေကယ်ဆယ်ခြင်းဆိုင်ရာ အကြောင်းအရာများ ကို မီးသတ်ဦးစီးဌာန၊ မြေငလျင်နှင့် မြစ်ရေကြီးမှုအကြောင်းအရာ သိမှတ်ဖွယ်ရာများကို သင်တန်းတွင် ဆွေးနွေးပို့ချပေးလျက်ရှိသည်။ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သင်ကြားသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတွင် စနစ်တကျ လေ့ကျင့်ထားသော လူသားစွမ်းရည်မြှင့်တင်သင်တန်းများ ပူးပေါင်း ဆောင်ရွက်မှုကို အထောက်အပံ့ဖြစ်သည်ဟု ဆိုချင်ပါကြောင်း။    ။







အခြားဆက်စပ်သတင်းများ