နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စမတ်ဖုန်းသစ် Tecno Spark Power 2 ကို ကြေညာ

ဇွန်  ၁၉

Tecno က Spark စီးရီးသစ်အဖြစ် Tecno Spark Power 2 ကို ကြေညာလာပြီဖြစ်သည်။ Spark Power 2 ၏ မျက်နှာပြင်မှာ ၇ လက်မဖြစ်ပြီး 1640x720px Resolution ၊ 20:5:9 Aspect Ratio သုံးထားသည်။ Waterdrop Notch မှာ ရှေ့ကင်မရာ 16MP ပါဝင်ပြီး ကျောဘက်ကင်မရာလေးလုံးပါဝင်ကာ 16MP + 5MP Super Wide (115 Degree FOV) + 2MP Macro + AIBokeh ဖြစ်သည်။

Tecno Spark Power 2 ကို Helio P22 SoC နှင့် ပါဝါထောက်ပံ့ထားပြီး Android 10 အခြေပြု HiOS 6.1 သုံးထားကာ RAM4GB နှင့် Storage 64GB ပါဝင်သည်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပြီး လက်ဗွေရာစနစ်ကို Camera Shutter အဖြစ်လည်း အသုံးပြုနိုင်သည်။

ထို့အပြင် Alarm ဖျက်ခြင်း၊ ဖုန်းခေါ်ဆိုမှု လက်ခံခြင်း၊ ဖုန်းခေါ်ဆိုမှု အသံဖမ်းခြင်းတို့ အဖြစ်လည်း သုံးနိုင်သည်။ ဘက်ထရီ 6000 mAh ပါဝင်ပြီး microUSB မှ တဆင့် 18W ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။

Tecno Spark Power 2 ကို ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၁၃၀ သတ်မှတ်ထားပြီး ဇွန် ၂၃ ရက်တွင် စတင် ရောင်းချပေးသွားမည်ဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ