နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကြိုးပမ်းဆောင်ရွက် တိုးတက်စေချင်

ကမ္ဘာတစ်ဝန်း တိုးတက်လျက်ရှိသည့် သိပ္ပံနှင့် နည်းပညာများ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်မှုနည်းပညာများ၏ အပြန် အလှန် အထောက်အကူပြု တိုးတက်လာမှုကြောင့် နိုင်ငံအသီးသီး၏ လူမှုစီးပွားရေးဘဝ ပြောင်းလဲတိုးတက်လာသည်။

မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါများသည့် နိုင်ငံ ဖြစ်သည်။ နိုင်ငံစီးပွားတိုးတက်ရေးအတွက် သဘာဝသယံဇာတထက် ပို၍ အရေးကြီးသည်မှာ လူသားစွမ်းရည်ဖြစ်သည်။ လူသားစွမ်းရည် ပြည့်ဝသည့် လူမျိုးဖြစ်ရန် ယနေ့လူငယ်လူရွယ်များကို လေ့ကျင့် ပျိုးထောင်တည်‌ဆောက်ပေးရန် ဖြစ်သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင့်မီစွာ ဆောင်ရွက်နိုင်ရန် လူသားအရင်းအမြစ်များ လိုအပ် သည်။ လူသားအရင်းအမြစ်များ ပေါကြွယ်ဝစေရေး၊ ပညာရည် မြှင့်တင်ရေးလုပ်ငန်းများကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက် ရှိသည်။ အတန်းပညာရှိမှ မိမိဘဝရပ်တည်ရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ရာ နိုင်ငံ၏ပညာရေးသည် နိမ့်ကျလျက်ရှိသည်ကို တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၇ ရက်က ရှမ်းပြည်နယ် အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား တောင်ကြီးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍       ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးမှာကြားရာတွင် "ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ပေးရန်မှာ အစိုးရ၏ တာဝန်ဖြစ်ပြီး လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက်သည် တစ်ဦးချင်း၏ ကြိုးစားအားထုတ်မှုဖြင့် သာ သက်ဆိုင်သည်ဖြစ်သဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း ပညာရေးကို အားပေးမှသာလျှင် ဒေသနှင့် နိုင်ငံ၏ လူသားအရင်းအမြစ်များ ပေါကြွယ်ဝလာမည်ဖြစ်ကြောင်း ထည့်သွင်းမှာကြားခဲ့ပေသည်။

ယနေ့အချိန်အခါတွင် သိပ္ပံနှင့် နည်းပညာများ တစ်နေ့တခြား တိုးတက်ပြောင်းလဲလာလျက်ရှိရာ တိုးတက်မှုကို အမှီလိုက်နိုင်ရန် ပညာရေးအဆင့် မြင့်မားရေးအတွက် ယနေ့လူငယ်၊ လူရွယ်များသည် သာမန်တတ်မြောက်သည်နှင့် ရောင့်ရဲတင်းတိမ်မနေဘဲ ထူးချွန် ထက်မြက်ရန် အစဉ်ကြိုးပမ်း အားထုတ်ရပေမည်။ ကျွမ်းကျင် ပညာရှင်၊ အတတ်ပညာရှင်တို့သည်လည်း ခေတ်နှင့်အညီ ပြောင်းလဲ လာသော နည်းပညာသစ်များ၊ ခေတ်မီအတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ စွမ်းဆောင်ရေးသည် အရေးပါသည်။

လူသားစွမ်းရည်ပြည့်ဝသည့် လူမျိုးဖြစ်ရန် ယနေ့လူငယ်၊ လူရွယ် များ တစ်ဦးတစ်ယောက်ချင်းမှစ၍ ပညာရေးကို အလေးထား  ဆောင်ရွက်ကြရန်နှင့် ပညာရပ်များအလိုက် တိုးတက်အောင်မြင် အောင်  အားသွန်ခွန်စိုက်  ကြိုးပမ်းအားထုတ်စေချင်ကြောင်း  တိုက်တွန်းနှိုးဆော်ရပါကြောင်း။  






အခြားဆက်စပ်သတင်းများ