နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘတ်စ်တစ်စီးပြင်သစ်တွင် တိမ်းမှောက်၊ ကျောင်းသား၂၁ ဦး ဒဏ်ရာရ

ဒါကာ မတ် ၇

ပြင်သစ်နိုင်ငံ အဲလ်ပ်စ်တောင် တန်းသို့ လေ့လာရေးခရီးထွက်လာသည့် မူလတန်းကျောင်း ဘတ်စ်ကားတစ်စီး သည် တောအုပ်အတွင်းရှိ ချောင်းထဲ သို့ကျသွားရာ  ဒဏ်ရာရသူ အများ အပြားရှိကြောင်း သိရသည်။

မူလတန်းကျောင်းသူ၊ကျောင်းသား ၄၀ ဦး လိုက်ပါလာသည့် အဆိုပါ ဘတ်စ်ကားသည်  တောအုပ်တစ်ခု အတွင်း ချောင်းထဲသို့ ထိုးကျသွားရာ ယာဉ်မောင်းနှင့် ၎င်း၏  အဖော်ဖြစ် သူသည် ဒဏ်ရာပြင်းထန်စွာရရှိပြီး အခြား ကလေးငယ် ၁၈ ဦး နှင့် အရွယ် ရောက်သူ ၁ ဦးတို့လည်း ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြသဖြင့် အားလုံး ကို ကုသမှုခံယူစေကြောင်း အခင်းဖြစ် ပွားသည့်ဒေသ၏ မြို့တော်ဝန် Fabien Mulyk ကပြောကြားသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင် ရာ တိုင်းဒေသကြီးတရား လွှတ်တော်က အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ယာဉ်မောင်း တွင် ဆေးဖက်ဆိုင်ရာ ပြဿနာတစ်ခု ရှိနေခြင်းဖြစ်နိုင်ကြောင်း မြို့တော်ဝန် က ထင်မြင်ချက်ပေးသည်။

ဘတ်စ်ကား မောင်းနှင်နေချိန်တွင် ရာသီဥတု အခြေအနေ ကြည်လင်နေပြီး ဘတ်စ်ကား တိမ်းမှောက်သည့် နေရာ တွင်လည်း ရေခဲ သို့မဟုတ် နှင်းများ မရှိသည့်အပြင် ကလေးအားလုံးသည် လည်း ထိုင်ခုံခါးပတ်များ ပတ်ထား ကြောင်း ဒေသခံ တာဝန်ရှိသူများက ဆိုသည်။

(ref: AP)







အခြားဆက်စပ်သတင်းများ